part 17 Span between pole

15 0 0
                                    

Transmission & Distribution Line များတပ်ဆင်ပြေးဆွဲခြင်း နှင့် ဓာတ်တိုင် နှစ် တိုင်ကြား အကွာအဝေး ( SPAN ) / Line Fitting များ၏ Rating ဖြစ်သော ( Minimum Breaking Strength 70 kN , 120 kN ) ဆိုသည်မှာ.......

လက်တွေ့တွက်ချက်မှု၊လက်တွေ့ လုပ်ငန်းခွင်မှာ တိကျသေချာသော လုပ်ငန်းခွင် အကိုးအကားမရှိခြင်းက အချို့သော လုပ်ငန်းခွင် ဆက်စပ် ကိစ္စရပ်တွေအတွက် အခက်အခဲတွေ ဖြစ်စေပါတယ်။
ဥပမာ ။ ။66 kV line ကို 15 Meter ဓာတ်တိုင်နဲ့ မြေပြန့်မှာ ဆွဲရင် ဓာတ်တိုင် ၂ တိုင်ကြား အကွာအဝေးဘယ်လောက်ရှိသင့်သလဲ ဆိုသော အချက်အလက်မျိုး ၊
33 kV SAC 185 mm2 ကို မြေပြန့်ဒေသမှာ တပ်ဆင်ပြေးဆွဲပါက MW ဘယ်လောက်ကို သယ်ဆောင်နိုင်ပြီး ၊ ဓာတ်တိုင် ၂ တိုင်ကြား အကွာအဝေး က ပေ ၁၀၀ လား ၊ပေ ၁၂၀ လား အတိအကျ မသိနိုင်သော အခြေအနေတွေရှိနေနိုင်ပါတယ်။

တခါတလေ လုပ်ငန်းလုပ်နေတဲ့ အဖွဲ့တွေကြား မှာ ဓာတ်တိုင်တွေ မြေဝင်ဘယ်လောက်ရှိသင့်တယ် ။ ဘယ်လောက်ဓာတိတိုင် အမြင့်ကို သုံးရမယ် ၊ ဓာတ်တိုင် တစ်ခန်း နဲ့ တစ်ခန်းကြား ဘယ်လောက်ကျယ်သင့်တယ် ဆိုတာကို ဆွေးနွေးရလေ့ရှိပါတယ်။

ဒါကလည်း သက်ဆိုင်ရာမြေမျက်နှာသွင်ပြင်အနိမ့်အမြင့်ပေါ်မူတည်ပြီး
Ruling Span( Mean effective span MES )
Design span
Ahead span
Back span
Weight span
Wind span
Sag
Slack စသဖြစ် အမျိုးမျိုးရှိနိုင်ပါသည်။

( TRANSMISSION & DISTRIBUTION ) ဓါတ်အားလိုင်း တွေကို တည်ဆောက်လုပ်ကိုင်ရင်း လေ့လာကြုံတွေ့ရတာတွေပါ။
ဓာတ်အားလိုင်းများ တပ်ဆင်ပြေးဆွဲရာမှာ အချင်း ချင်း မေးမြန်းဆွေးနွေးရာမှာ အများအားဖြစ် ဆွေးနွေးဖြစ်တာက

• ဓာတ်တိုင်ဆိုက် က ဘယ်လောက်လဲ ၊
• တိုင်အရှည် ဘယ်လောက်လဲ
• မြေအဝင်ဘယ်လောက်လဲ
• ဆွဲယူသွယ်တန်းမယ့် ကြိုးဆိုက်ကဘယ်လောက်လဲ
• သတ်မှတ် မြေပြင် ( အန္တရာယ် ကင်း ကင်းလွတ်အမြင့် ) ကို ဘယ်လောက်ထားရမလဲ
• တိုင် နှစ် တိုင်ကြား အကွာအဝေး ( SPAN ) ဒါတွေကို အဓိကထားပြီး ဆွေးနွေးဖြစ်ပါတယ်။

ဒီအချိန်မှာ ကျွန်တော်တို့ ဂရုတစိုက် တွေ့ရှိ / လုပ်ကိုင်ရတာက
• သတ်မှတ် မြေပြင် ( အန္တရာယ် ကင်း - ကင်းလွတ်အမြင့် ) တွေ ပေါ်မူတည်ပြီး ဗို့အားချင်း တူညီနေလျှင်တောင်မှ ဓာတ်တိုင် အမြင့်တွေ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။
• သုံးဆွဲဝန်အား ( LOAD CURRENT ) တွေ၊ ( အပြစ် လျှပ်စီး ) FAULT CURRENT / SHORT CIRCUIT CURRENT တွေပေါ်မူတည်ပြီး အသုံးပြုသော( WIRE / CABLE ) ဓာတ်ကြိုး ဆိုက်တွေပြောင်းလဲနိုင်ပါ တယ်။
• အသုံးပြုမည့် ဓာတ်ကြိုး များ / LINE ACCESSORIES / FITTING များသည် ကြိုးဆိုက် ( SIZE ) / အမျိုးအစား ပေါ်မူတည်ပြီး ဥပမာ ACSR ဆိုလျှင် size ပေါ်မူတည်ပြီး

M & E Short notesWhere stories live. Discover now