မိုးကြိုးလွှဲ ရဲ့ Down conductor အဆင်းမှာ Pipe စွပ်ဖို့လိုသလား
တချို့သော အကိုးအကားတွေမှာ မိုးကြိုးလွှဲစနစ်ရဲ့ Down conductor အတွက် သီးခြားလိုအပ်ချက်တွေ ဖော်ပြမှု အယူအစ ကွဲလွဲမှုတွေကို ( တစ်ခုနဲ့တစ်ခု မတူညီဘဲ )
အောက်ဖော်ပြပါအတိုင်း စိတ်ဝင်စားစရာ တွေ့ရှိရပါတယ်။
ဒါတွေက down conductor ကို
၁ ။ မြေပြင်ကနေ အထက် 2 meter အထိကို stainless steel (insulation pipe လို့ တိုက်ရိုက်မပြောထားပါ ) GI / Metal ပိုက်လိုမျိုးနဲ့အကာအကွယ်ပြုသင့်ပါသည်။ ရည်ရွယ်ချက်မှာ Mechanical protection ( ဥပမာ မမြင်နိုင်သော ၊ ထိခိုက်ပျက်စီးမှုကို ကာကွယ်ခြင်း ၊သူခိုးဖြတ်ခိုးခြင်းများ ) အတွက် အကာအကွယ်ပြုလုပ်လိုခြင်း ဖြစ်ပြီး ဒါက ပြင်သစ် NFC 17-102 Standard အရပါ ။ Downconductor သည် flat tape / round conductor ( without insulation ) ဖြစ်နိုင်ပါသည်။
၂ ။ BS EN 62305-3 အရ လိုအပ်ချက်မှာ မြေပြင်အထက် 2 ( or ) 3 meter အထိကို Protective insulated cover/tube ထည့်ရပါမည်။ရည်ရွယ်ချက်က မမျှော်လင့်သော အန္တရာယ်ရှိလောက်သည့် ပမာဏအထိ မြင့်တက်လာမည့် Touch Voltage /Step Voltage များဖြစ်နေချိန် ( မိုးကြိုးပစ်ခြင်း အပြင် ပြင်ပ Earth Fault /Ground Potential Rise အပြင် အခြားဖြစ်နိုင်သမျှ အကြောင်းကြောင့် ) လူ / တိရိစ္ဆာန် များ သည် Earth Termination စနစ်ဖြစ်တိုက်ရိုက်ချိတ်ဆက်ထားသော Down conductor ကို မတော်တစ ထိကိုင်မိပါက/ထိတွေ့မိပါက လျှပ်စစ်အန္တရာယ်ရှိလာနိုင်ပါသည် ။ ထိုအချက်ကြောင့် လူတရပ် အမြင့် 2 M အထိ အကာအကွယ်ပြု insulated pipe / tube ကို ထည့်သွင်းတပ်ဆင်သင့်ပါသည်။ ဒီ စနစ်မှာတော့ Mechanical protection ကို အထူးတလည် ထည့်မပြောထားပါဘူး။
လက်တွေ့အတွေ့အကြုံအရ တော့
230 kV SA ( Surge Arrester ) တွေအတွက် Typical Earthing Arrangement ကို Design လုပ်ရင် အဓိက Earthing အစိတ်အပိုင်း ၃ ပိုင်းရှိပါတယ် ။
1.Surge Arrester အထွက်ကနေ Surge Counter ( including leakage current monitor )အဝင် အထိ ပထမအပိုင်း
2.Surge Counter အထွက်ကနေ Structure အခြေအထိက ဒုတိယအပိုင်း ၊
3. Structure အထွက် မှာ PG Clamp တစ်ခုထား အဲ့ PG အထွက်ကနေ Main Earth Grid အထိ က တတိယအပိုင်းပါ။
တချို့ design/arrangement မှာ SA အထွက်ကနေ Surge Counter အဝင် အထိကို
SDCC ( Soft Drawn Stranded copper ဥပမာ 120 sqmm ) နဲ့ သုံးကြပါတယ်။
Surge Counter အထွက်ကနေ Structure အခြေအထိ ( Copper Earth PG ) အထိကို PVC insulated Cable 120 sqmm ကို သုံးပါတယ်။
Structure Earth PG Clamp ကနေ Main Grounding Network အထိကို HDSC ( Hard Drawn Stranded copper 120 mm ) ကို သုံးထားပါတယ်။ နေရာအလိုက် ၊အပိုင်းအလိုက် ၊သုံးဆွဲမှု အခြေအနေ၊ တိုက်စားမှုဒဏ် ခံနိုင်မှု ၊ ကွေးဆန့်နိုင်မှု ၊ safety လိုအပ်ချက်အရ cable အမျိုးအစားအလိုက် ၊ အပိုင်းအလိုက်
ခွဲခြားအသုံးပြုပါတယ်။ 230 kV အပြင် MV HV ပစ္စည်းများသည် သီးခြား Switchyard ထဲမှာ ရှိနေလို့ Public Area နဲ့ သီးခြားတည်ရှိမှု သီးခြား design တွေ ရှိနိုင်ပါတယ် ။ဒါကလည်း HV ပိုင်းနဲ့ဆိုင်သော မိုးကြိုးလွှဲစနစ်ကို ပြောပြတာပါ ။ ဒီနေရာမှာ 230 kV /root 3 ရှိတဲ့ voltage potential ပမာဏတစ်ခုက ဒီ SA အပေါ်မှာ အမြဲ ( MCOV / Uc / Ur တွေကို ခဏမေ့ထားပါ )သက်ရောက်နေပါတယ် ။
Building Lightning Protection System မှာက HV lightning protection စနစ် နဲ့ မတူညီတာ Voltage Potential တစ်ခုက ဒီ မိုးကြိုးလွှဲ မိုးကြိုးအကာအကွယ်ပြုစနစ်အပေါ် အမြဲ ထိတွေ့ သက်ရောက်နေခြင်းမရှိသော်လည်း ပြင်ပသက်ရောက်မှုတစ်ခုခုကြောင့် Potential တစ်ခုကဒီမိုးကြိုးလွှဲစနစ်အပေါ်မှာ သက်ရောက်ကျဆင်းမှု ရှိလာနိုင်ပါတယ်။
ဒါ့အပြင် မည်သည့်သက်ရောက်မှု တိုက်ရိုက်မိုးကြိုးထိမှန်ခြင်းကြောင့်ဖြစ်စေ ၊ သွယ်ဝိုက် ထိမှန်ခံရခြင်း ၊ ground potential rise ဖြစ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာမည့် fault current ကို ဖြန့်ဝေစီးဆင်းစေမည့် ( မိမိ building ၏ ) Main Earth Grid တည်ရှိသည့် ( အကာအကွယ်ပြုနိုင်သည့် ) . ဧရိယာ ၊ fault ပမာဏကို ကို ခွဲဖြာပေးနိုင်မည့် Earth rod အရေအတွက် ၊ ပြင်ပ fault တစ်ခုခုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့Touch Potential /Step Potential /Transfer Potential / GPR / Public Area / Mechanical Protection တွေကိုတော့ Building lightning protection စနစ်အတွက် မေ့ထားလို့မရပါဘူး။Thank For Reading.
CRD: Original Post
YOU ARE READING
M & E Short notes
Non-Fictionfbမှတစ်ဆင့်ပြန်လည်ကူးယူသည်။တစ်စုတစ်စည်းတည်းမိမိဘာသာပြန်လေ့လာနိုင်အောင်ဖြစ်သည်။မူရင်းပို့စ်များအားcrdပေးပါသည်။