part 15 Earthing

28 0 0
                                    

လျပ်စစ်မှာ ဘာ အရေးကြီး ဆုံးလဲဆိုတာမေးတတ်ပါတယ် ။ Earthing ဆိုရင် မိတ်ဆွေ တစ်မှတ်ရပါပြီ။
==============================================

Earthing ဆိုရင် မိတ်ဆွေ တစ်မှတ်ရပါပြီ။
အမှန်ပါပဲ ။
electrical မှာ safety က အရေးကြီးပါတယ် ။ အဲဒီ ထဲမှာ earthing က အရေးကြီး ဆုံးပါပဲ ။ တော်တော်များများ က earth ကြိုး ကို အရေး မထားပါဖူး ။ တော်တော်များများ က earth ကြိုးကို ဖြုတ်သွားတာနဲ့ မေ့ပြီးပြန် မတပ်တာနဲ့ ဖြတ်ပြစ်တာနဲ့ အမျိုး မျိုး ကြုံဖူး လို့ပါ ။ တိုက်ရိုက် ပြသနာ မှ မပေးဖူးတာကိုး ။ နောက် မြန်မာပြည် က installation တော်တော် များများမှာ earth ကြိုး ကို စနစ်တကျ လုပ်ထားတာလဲရှားပါတယ် ။ electrical မှာ အရေးအကြီး ဆုံး က earth ပါပဲ ။ တကယ် ကြုံလာရင် လက်ခံလာ ပါလိမ့်မယ် ။အခုခောတ်မှာ နောက်ဆုံး လျပ်စစ်ပစ္စည်း တွေ မှာ function တွေ က earthing မရှိ မဖြစ်လိုအပ်လာပါ တယ် ။

Earthing လား Grounding လား
earth ကို အမျိုးမျိုး ခေါ်ကြပါတယ် ။ ground လို့လဲ ခေါ်ပါတယ် ။ အတူတူပါပဲ ။ IEC မှာက earth လို့ သုံးပါတယ် ။ ဘယ်လိုခေါ်ခေါ် အငြင်း ပွား စရာမရှိပါဖူး ။ US NEC က ground လို့သုံးပါတယ် ။
industrial မှာ earth ကို အမျိုးမျိုး ခေါ်သုံးပါတယ် ။ electrical earth, mechanical earth, bonding earth , instrument earth , telecom earth, body earth , frame earth , intrinsically safe earth , lightning earth , အစရှိသဖြင့် ပေါ့ ။
မည်သို့ပင် ဆိုစေကာမူ အားလုံးသော earth အပေါင်း တို့ဟာ တနေရာထဲမှာ အားလုံးပေါင်းစုံရတာပါ ။ အဲဒီ နေရာ ကို main earth pits တွေ ဖြစ်ပါတယ် ။ လျပ်စစ်ဆို တဲ့ ဥပဒေသ အရ မြင့်ရာမှ နိမ့်ရာ သို့ စီးဆင်း တယ် ဆိုသလိုပဲ ကမ္ဘာ မြေကြီးရဲ့ potential 0 ohm နီးပါး value ကိုအသုံးပြုထားတာပါ။
ရှိသင့်သော Earthing value ( ohms )
Earth ကို special earthing တိုင်းတဲ့ earth resister နဲ့ တိုင်းရပါတယ် ။ တိုင်းပုံ ကိုတော့ procedure တွေ တခါထဲ ရေး ထားတတ်ပါတယ် ။
Earthing resistance က အနည်းဆုံး 10 ohms ရှိရပါမယ် ။ နည်းလေ ကောင်းလေပါ။ သိပ်ပြီး အရေးကြီးတဲ့ နေရာတွေ မှာဆ ိုရင်တော့ 2 ohms အနည်းဆုံးရှိရ ပါမယ် ။

ရှိသင့်တဲ့ ohm တန်ဖို း က 10 ohms အောက်ဆို လူနေအိမ်ခြေအတွက ်အဆင်ပြေပါတယ် ။
2 ohms အောက်ဆို စက်ရုံ တွေအတွက ်အဆင်ပြေပါတယ် ။
Earth က ဘယ်လို အကျိုး ရှိတာလဲ ။
လူတွေ ကို electric shock ကာကွယ်ပေးပါတယ်
Equipment တွေ ကို မပျက်စီး အောင် ကာကွယ်ပေးပါတယ်
မိုးကြိုး အန္တာရယ်မှ ကာကွယ်ပေးပါတယ်
ဥပမာ သံတွေနဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦ တခုမှာ cable ကပေါက်ပြီး သံနဲ့ ထိနေတယ်ဆိုပါ စို့။ အဲဒီ အဆောက်အ ဦ တခုလုံး က လျပ်စီးတွေ ပြန့်နေပြီ။ ကိုင်မိတဲ့ သူ က ဓါတ်လိုက်ပြီး သေသွားနိုင်ပါတယ် ။
တကယ်လို့earth ချထားမယ်ဆိုရင် လျပ်စစ် က earth ကြိုး ကတဆင့် မြေကြီး ထဲ ကို အချိန်တို အတွင်း အများကြီးဖြတ် စီးသွားပြီး Breaker ပြုတ်ရင်ပြတ် fuse ဖြစ်ဖြစ် ပြတ် သွားမှာပါ။

M & E Short notesWhere stories live. Discover now