Temperature Controller
ဒီနေ့တော့TC အကြောင်းလေး ပြောတာပေါ့ဗျာ။ သိတဲ့ သူများအတွက်ကတော့ ပျင်းစရာကောင်းနေပါလိမ့်မယ်။ မသိသေးတဲ့သူအတွက်ကတော့ ဗဟုသုတရတာပေါ့ဗျာ။ ကျွန်တော်လည်း ဆရာမဟုတ်တော့ အမှားပါနိုင်ပါတယ် ဗျာ။ ကဲစပြောရအောင်ဗျာ။
TC controllerတွေမှာ အခြေခံအားဖြင့် power supply,
Input function, Output functionဆိုပြီး သုံးပိုင်းပါဝင် ပါတယ်။
1.power supply
TC တစ်လုံးကိုpower ပေးဖို့အတွက် လိုအပ်သောအရာ ပေါ့ဗျာ။ 220vacလား ဒါမှမဟုတ် 110vacလားစသည် ဖြင့်ပေါ့....ဒါကိုတော့TCမှာပါတဲ့အတိုင်းpowerပေးရမှာ ပေါ့။သူကတော့ရိုးရှင်းပါတယ်။
2.Input function
Input functionမှာကျတော့heatကိုအာရုံခံဖို့အတွက်
heat sensor အသုံးပြုရပါတယ်။sensor တွေကတော့ အများကြီးရှိပါတယ်။ အဲ့ထဲမှာမှheaterတွေမှာ အသုံး များတဲ့sensorနှစ်ခုကိုပဲပြောပြပေးပါမယ်။sensor K type နဲ့ J type ဆိုပြီးအသုံးပြုကြပါတယ်။K type sensorကိုရွေးမယ်ဆိုရင် TC ကလည်းK type TCဖြစ်ရ ပါမယ်။J type ဆိုရင်လည်း J type TCပေါ့။ များသော အားဖြင့် K typeတွေက အသုံးများပါတယ်။ နောက်တစ်ခု က ခုနောက်ပိုင်း TCတွေမှာ functionတွေ စုံလာတယ်။ အဲလိုမျိုးTCဆိုရင်တော့ sensorကို ဘာtypeသုံးမှာလဲ ဆိုတာကိုTCမှာရွေးပေးရတယ်။ဒါမှလည်းTCကအလုပ် လုပ်မှာ။sensor type ရွေးတာကိုလည်းTC နဲ့ပါလာတဲ့ manualမှာ အလွယ်တကူ ကြည့်နိုင်ပါတယ်။ အဲ့တော့ heatingလုပ်ဖို့အတွက် TCမှာတန်ဖိုးတစ်ခု သတ်မှတ်ပေး ရမယ်ပေါ့။ ဥပမာအနေနဲ့ ပြောရရင် 100°Cဆိုရင် ရေဆူ မှတ်ပေါ့။ အဲ့တော့heaterကို 100°Cထိပူစေမယ် 100°C ပြည့်တာနဲ့ heatingကိုရပ်မယ်ဆိုရင် 100°Cသည် set point တနည်းအားဖြင့်ပြောရင် setting temperature valueပေါ့ဗျာ။နောက်တစ်ခုက process value အဲ့ဒီPV တန်ဖိုးကျတော့ အခန်းအပူချိန်ကနေစပြီး တက်လာမယ် ပေါ့။ PV value ကဘယ်ကနေ လာသလဲဆိုရင် ခုဏပြော တဲ့ sensorကနေပြီးတော့ TCကို feedbackပြန်ပေး တယ်။ ဒီheaterကတော့ ဘယ်လောက် °Cကိုရောက်နေပြီ ဆိုတာကိုပြောတာပါ။ အဲ့တော့မှsensorက ပေးပို့တဲ့မီလီ ဗို့ကို TCကဖတ်ပြီး discplayမှာပြန်ပြပေးတယ်။set pointလည်း ရောက်ရော heaterကို supplyမပေးတော့ ဘူး။ ဒါကInput အပိုင်းပေါ့။
3.Output function
Outputမှာတော့relay outputနဲ့SSR outputဆိုပြီး များ သောအားဖြင့် အသုံးများပါတယ်။ relay outputကတော့ ရိုးရှင်းပါတယ်။ relayရဲ့ NO/NC contactကနေပြီး Heater အတွက်သုံးမယ့် magnetic contactor ကို supply ပေးမယ်။relay contact ဖြစ်တဲ့အတွက် contactမှာ acကိုပဲသုံးသုံး dcကိုပဲသုံးသုံး အဆင်ပြေ တယ်။
SSR outputကျတော့ magnetic contactorကိုတန်းပြီး သုံးလို့မရဘူး။ သူကDC output ထုတ်ပေးတာကြောင့် ပါ။12 or 24 VDCကို TCက ထုတ်ပေးထားတယ်။ အဲ့လို TCတွေသုံးရင်တော့ SSRဆိုတဲ့ relayကို အသုံးပြုကြရ ပါတယ်။ SSRဆိုတာ Solid State Relayပါ။ သူကတော့ သာမန်relayတွေထက် switching ပိုကောင်းတယ်။ ပြီး တော့ သူကelectronic deviceဖြစ်ပြီး အဲ့ဒီelectronic deviceတွေကို အသေချိတ်လောင်းထားတယ်။ သူကိုပေး ရမယ့် supplyကတော့ များသောအားဖြင့် DC Voltage ပေးရတယ်။ သူသတ်မှတ်ထားတဲ့ voltage အတွင်းမှာ
ကောင်းမွန်စွာ အလုပ်လုပ်ပေးတယ်။ နောက်မှာ SSR အကြောင်း သီးသန့်တင်ပေးပါမယ်။ အဲ့တော့TCတစ်လုံး မှာ
1.Power supply
2.Input function (heat sensor ,k & j type)
3.Output function (relay & SSR relay)
ဆိုပြီးအခြေခံသုံးမျိုးပါဝင်ပါတယ်ဗျာ။
အမှားပါသွားရင်ခွင့်လွတ်ပါ။
အားလုံးကိုကျေးဇူးတင်ပါတယ်။Crd: Original Post
YOU ARE READING
M & E Short notes
No Ficciónfbမှတစ်ဆင့်ပြန်လည်ကူးယူသည်။တစ်စုတစ်စည်းတည်းမိမိဘာသာပြန်လေ့လာနိုင်အောင်ဖြစ်သည်။မူရင်းပို့စ်များအားcrdပေးပါသည်။