part 23 checklists

10 1 1
                                    

Site Engineer Checklists (6)

(o) ceiling
- frame မခွေခင် level တစ်ခုသတ်မှတ်ပြီး လေးဘက်လေးတန် level ညီမညီ သေချာလိုက်စစ်ပါ။ (ပြီးရင် marking သေချာပေးထားပါ။)
- level ညီပြီဆိုရင် ကျယ်တွင်ကျပြန်ဖမ်းပြီး အခန်းအကျယ် နဲ့ ကိုယ်သုံးမယ့် ceiling board size ပေါ်မူတည်ပြီး (ceiling board တွေ ဝေတာညီအောင်) frame တွေ အညီအမျှဝေခိုင်း ခွဲခိုင်းပါ။
- frame တွေခွေပြီးရင်လည်း ceiling board တွေ install မလုပ်ခင် ပြေးထားတဲ့ တန်းတွေ၊ ဆင့်တွေ (frame တွေ) အားလုံး level ညီမညီ သေချာပြန်စစ်ပါ။
- ဒိုင်းတွေ or slab တွေကို လာဆွဲတဲ့ suspenders တွေကို လုံလုံလောက်လောက် ထည့်ခိုင်းပါ။ မြဲမမြဲ သေချာစစ်ပါ။
- board တွေ ဆွဲတဲ့ချိန် သံ or screw တွေ စိပ်စိပ်လေး ရိုက်ခိုင်း၊ ထိုးခိုင်းပါ။
- beading ပါတယ်ဆိုရင် ညီအောင် ရေပေါ်သေချာထိုးခိုင်းထားပါ။

(p) plastering
- plaster မချောခင် ချောမယ့်မျက်နှာပြင်တစ်ခုလုံး သန့်ရှင်းရေးသေချာလုပ်ခိုင်းပြီး ရေဝနေအောင်လောင်းခိုင်းပါ။
- ပြီးရင် ချိန်ကျမျဉ်းကျဖြစ်အောင် အရင်ဆုံး ကြိုးတွေ သေချာဆွဲခိုင်းပြီးမှ ချောခိုင်းပါ။ (တစ်ချို့က pier မပေးဘဲ ချောကြပါတယ်။ တစ်ချို့လည်း pier တွေပေးပြီးမှ ချောကြပါတယ်။ ပြီးတော့ အောက်ဘက်အခေါ် ရှမ်းနည်းဆိ်ုတဲ့ ဒေါင့်တွေကို မျဉ်းတံကပ်ပြီး pier ပေးပြီး (ဒီဘက်အခေါ် ဒေါင့်ခိုင်တယ်ခေါ်တယ်) အဲ့ဒီ pier ကို level ယူပြီး မျဉ်းဆွဲကြတယ်။
- သဲတွေကြမ်းနေမယ်ဆိုရင် ဇကာချပြီးမှ သုံးခိုင်းပါ။ သဲမသန့်ဘူးဆိုရင် ရေဆေးပြီးမှ သုံးခိုင်းပါ။
- ပန်းရံသမားတွေ အနေနဲ့ အချောသပ်ပြီဆိုတဲ့ချိန် မျက်မြင်နဲ့ အဆင်ပြေမပြေကြည့်ပါ။ မျဉ်းတံကပ်ကြည့်ပါ။ မညီရင် ပြန်ချောခိုင်းပါ။
- နောက်ဆုံးအနေနဲ့ မျဉ်းကျပြီ လက်ပွတ် (ဝိုက်ပြီး) ပွတ်ပြီးပြီဆိုရင် တံမျဉ်းစည်းချောနဲ့ အဲ့ဒီ လက်ပွတ်ပွတ်ပြီးတဲ့ မျက်နှာပြင်ပေါ်က သဲတွေကို လဲချပေးပါ။ (တံမျက်စည်းမလဲချပေးရင် မျက်နှာပြင်က သဲလုံးတွေနဲ့ ကြမ်းနေလိမ့်မယ်။)
- မျက်နှာပြင်တစ်ခုတည်းကို တစ်ရက်တည်းနဲ့ ချောလို့မပြီးဘူးဆိုရင် နောက်ရင် ဆက်ချောရမယ့်အဆုံးသတ်နေရာမှာ တဲ့ (90 ဒီဂရီ) မဖြတ်ဘဲ စောင်းပြီးဖြတ်ခဲ့ခိုင်းပါ။ (ဒါမှ အဲ့ဒီအဆက်နေရာမှာ ကြည့်လို့လှမှာပါ။ မဟုတ်ရင် အဲ့ဒီအဆက်နေရာက ကြည့်ရရုပ်ဆိုးပါတယ်။)
- ချောပြီးနောက်ရက်က စလို့ curing အနေနဲ့ မနက်၊ နေ့လည်၊ ညနေ တစ်ကြိမ်စီ ရေပုံမှန်လောင်းခိုင်းပါ။

M & E Short notesWhere stories live. Discover now