ESE မိုးကြိုးလွှဲစနစ် ......Installation ပြုလုပ် တပ်ဆင်ပုံ အကြောင်း မေးထားလို့
Installation လုပ်ငန်းတချို့အတွက် ကျွန်တော်တို့ လုပ်ငန်းခွင်မှ လက်တွေ့ လုပ်ကိုင်တပ်ဆင်ထားသော လုပ်ငန်းခွင် အတွေ့အကြုံတစ်ခုပါ
INSTALLATION လုပ်ငန်းတွေ ကိုယ်တိုင်လုပ်ကိုင်ရတာ ၊ တခြားတယောက် အဖွဲ့အစည်းကို ခိုင်းရတာ ၊တခါတလေ လုပ်ငန်းကို ကိုယ်တိုင်ကြီးကြပ်ရတာတွေက ကျနော်တို့အတွက်က တကယ်ကို မလွယ်ကူသော ကိစ္စတခုပါ ။
ဘာကြောင့်မလွယ်ကူလဲ ဆိုတာ က ကျွန်တော့်တို့ အများစု တွေ့ဖူး ကြုံဖူးကျမှာပါ ။
တခါတရံ BUILDING မှာ မိုးကြိုးလွှဲတပ်ထားတယ် ၊ တကယ်ဖြစ်လာရင် မိုးကြိုးပစ်ခံရတယ်။
EARTHING ကို ချထားပါရဲ့ လိုအပ်သော EARTHING RESISTANCE မရဘူး၊ လျှပ်စစ်ဓာတ်လိုက်ခံရတာတွေရှိတယ်၊
Lighting အနေနဲ့ မီးတော့ထွန်းထားတယ် သတ်မှတ်အမြင့် နဲ့ သက်ဆိုင်ရာ lighting fixture တွေကို စနစ်တကျမသုံးစွဲရင် လုပ်ငန်းလုပ်ကိုင်ရန်အတွက် လိုအပ်သော အလင်းအားမရဘူး၊ ဒီလိုအကြောင်းတွေက INSTALLATION ပြုလုပ်ပေမယ့် စနစ်ကျသော မှန်ကန်သော INSTALLATION စနစ်ကို ဂရုမပြုမိ မလိုက်နာမိလို့ ဖြစ်ရတာပါ။
ဒီတော့ INSTALLATION လုပ်ငန်းတွေကို လုပ်ရတော့မယ် စစ်ဆေးရတော့မယ် ဆိုရင် ကျနော့ အနေနဲ့ အရင်ဆုံးလုပ်မိတာတွေထဲက တချို့ပါ ....
သက်ဆိုင်ရာ INSTALLATION ရဲ့ DESIGN REFERENCE တွေကို ဖတ်ရပါတယ်။
သက်ဆိုင်ရာ REFERENCE STANDARD တွေ ၊ INSTALLATION REFERENCE DRAWING တွေ METHOD တွေကို အမိအရ စုဆောင်းရပါတယ်၊
လိုအပ်ရင် DETAIL ENGINEERING တွေ DETAIL CALCULATION တွေကို ရှာဖွေရတယ် အရင် လုပ်ဆောင်ဖူးသော လုပ်ငန်းများရှိရင် အရင် လုပ်ငန်းက အကျိုးအပြစ်တွေ လုပ်ဆောင်တပ်ဆင်ပုံနည်းလမ်းတွေကို အသေအချာပြန်ဖတ်ရပါတယ်၊
ဒီလို လုပ်နေပေမယ့် ကျနော့ရဲ့ နည်းပါးတဲ့ အတွေ့အကြုံ ၊ လေ့လာမှုအားနည်းခြင်းတွေ ၊ က တခါတရံမှာ မမျှော်လင့်သော အခြေအနေတွေကို ဖြစ်ပေါ်စေပြန်ပါတယ်။ ဒီတော့ သင်ခန်းစာတွေ လေ့လာစရာတွေက အမြဲကို မကုန်နိုင်မခန်းနိုင်ပါဘဲ၊
ဒီ အထဲကမှ လက်ရှိ ဒီနောက်ပိုင်းမှာ အသုံးများလာသော မိုးကြိုးလွှဲ စနစ်ဖြစ်တဲ့ ESE LIGHTNING PROTECTION ကို NFC 17102, UNE 21186 STANDARD အရ တပ်ဆင်ပုံ တချို့ပါ။.......
YOU ARE READING
M & E Short notes
Non-Fictionfbမှတစ်ဆင့်ပြန်လည်ကူးယူသည်။တစ်စုတစ်စည်းတည်းမိမိဘာသာပြန်လေ့လာနိုင်အောင်ဖြစ်သည်။မူရင်းပို့စ်များအားcrdပေးပါသည်။