Part 1 Uni/Zawgyi

7.6K 102 1
                                    

ရင်ထဲနစ်ဝင်သောဆူး

     အခန်း { ၁ }

ကျွန်မထိုင်ပြီးစကားပြောနေရာမှထရပ်လိုက်
ရင်းကျွန်မအတွေးထဲလွန်ခဲ့တဲ့ { ၄ } နှစ်ကျော်
ကပုံရိပ်တချို့ပြန်လည်ပြီးဖြတ်သန်းဝင်ရောက်
လာခဲ့သည်။ ကျွန်မအခုချိန်မှာပြန်မတွေးချင်တော့အချိန်တွေလည်းကုန်လွန်ခဲ့ပြီလေ။ ဒီအချိန်မှာကျွန်မ
ဆီအမုန်းတွေသာပြည့်နက်နေခဲ့တာမဟုတ်ပါ
လား။ ကျွန်မသူငယ်ချင်းဖြစ်သူ သဇင် ကိုလှည့်
ကြည့်လိုက်သည်။ ကျွန်မမြန်မာပြည်ပြန်ရောက်
တော့သူတို့တွေလည်းတော်တော်ပြောင်းလဲကုန်
ပြီလေ။ ကျွန်မသာဒီနေ့ထိမပြောင်းလဲဘဲအတိတ်
ကပုံရိပ်တွေထဲမှာသာအမုန်းတွေနှင့်နစ်မြုပ်ထား
ခဲ့တာမဟုတ်ပါလား။ တကယ်ဆိုကျွန်မမြန်မာပြည်
ကထွက်သွားတာ { ၄ } နှစ် ကျော်ကြာခဲ့ပြီလေ။
ဒီကိုပြန်မလာဖို့တွေးခဲ့ပေမယ့်တာဝန်ကျရာကိုယ်ပြန်လာဖို့အကြောင်းဖန်လာခဲ့ပြန်သည်တဲ့လေ။

" နင်သူနဲ့ပြန်တွေ့ခဲ့ရင်ရော "

" ငါသူ့ကိုမုန်းတယ် ဒီအချိန်မှာသူ့ကိုပြန်တွေ့ခဲ့ရင်တောင်ငါသူ့ကိုမုန်းနေမှာပဲ "

" ဒါပေမယ့် နင်တို့တွေချစ်ခဲ့ကြတာပဲနင်လည်း
သူ့ကိုချစ်ခဲ့သလိုသူလဲနင့်ကိုချစ်ခဲ့တာပဲ "

" သူငါ့ကိုသစ္စာမရှိခဲ့တာ သူငါ့ကိုလှည့်စားပြီး
ချစ်ခဲ့တာ ... နင်လဲသိနေတာပဲအတိတ်မှာဘာတွေဖြစ်ခဲ့လဲငါ့အတွေးတွေတိုင်းအတိတ်ကပုံရိပ်တွေကရှိနေတာပဲ ... သူ့ကို ငါချစ်ခဲ့တယ်သူ့လှည့်စားမှုတွေကိုငါယုံကြည်မိတယ် အခုချိန်သူ့နဲ့ပြန်ဆုံရင်တောင်ငါ့ရင်ထဲအမုန်းတွေပဲရှိတယ် "

" ငါနားလည်ပါတယ် "

ကျွန်မ သဇင့် ကိုပြောနေရင်းမှအတွေးထဲကို
အတိတ်ကအကြောင်းတွေတရေးရေးပြန်ပေါ်
လာရသည်။ သဇင် က​ထလာပြီးကျွန်မပုခုံးကို
လာကိုင်လျက်နှစ်သိမ့်သလိုပင့်သက်ရှိုက်လေ
သည်။ ကျွန်မမေ့ပျောက်ထားပေမယ့် နေ့ရက်
တိုင်းအိပ်မက်ဆိုးတစ်ခုလိုရင်ထဲနစ်နေအောင်နာကျင်ရသည်။

လွန်ခဲ့သော { ၄ } နှစ်ခန့်

ကျွန်တော်အိပ်ယာထက်မှဆင်း၍ရေအမြန်ချိုး
ပြီးကျောင်းသွားရန်ကျောပိုးအိတ်ပခုံးထချိတ်၍
ဆင်းခဲ့ရင်းမာမီတို့နှင့်စကားများပြီးထွက်လာလိုက်သည်။ ကျောင်းရောက်တော့ကန်တင်းမှာဝင်ထိုင်
လိုက်ရင်းစားပွဲရှိအအေးခွက်ကိုယူမော့လိုက်သည်။ ထို့နောက်မှ ညစ်နေသည့်စိတ်ကိုလျှော့
ချလိုက်လေသည်။

ရင်ထဲနစ်ဝင်သောဆူး (Completed) OCWhere stories live. Discover now