Part 31 Uni/Zawgyi

269 5 0
                                    

ရင်ထဲနစ်ဝင်သောဆူး

    အခန်း { ၃၁ }

​ကြွေရုပ်လွှာ လျှော်ပြီးလှန်းထားခဲ့တဲ့အဝတ်
တွေမီးဖိုတိုက်ပြီးခေါက်ရင်းဧည့်ခန်းတွင်ထိုင်
၍မေမေတို့နှင့်စကားပြောနေသည်။ သမီးလေး
ကဆော့ကစားနေခဲ့ရင်းအိမ်ရှေ့ကနေခေါ်သံ​
ကြောင့်သူမတံခါးဖွင့်ကြည့်လိုက်မိသည်။

" ကြွေရုပ်လွှာ "

" ဟင် မကဗျာ "

" နင်နဲ့နင့်သမီးသေရမယ် "

" ဟင် "

" ကဗျာ "

" ကိုကို "

သူမရောသူပါထရပ်ကာသူပြောလိုက်မိတော့
ကဗျာ ကသမီးလေး မေဝတ်လွှာ လေးကိုသူမ
ဘက်ပါအောင် လှမ်းဆွဲခေါ်လိုက်သည်။ သူမ
ပြောတော့ ပါးစပ်ကလည်းပြောရင်းအနောက်
သို့ဆုတ်ဆုတ်သွားသည်။

" ကိုကို ရှေ့မတိုးနဲ့နော် "

" ကဗျာ ကိုယ်တောင်းပန်ပါတယ်သမီးလေး
ကိုလွှတ်ပေးပါကွာ "

" မကဗျာ ရှင်ဘာလုပ်မလို့လဲ "

" အီးဟီး ဟီး မေမေသမီးကိုကယ်ပါ "

သမီးလေးကငိုနေသည်ကို ကဗျာ ကဂရုမစိုက်
ဘဲသမီးကိုခေါ်သွားသည်။ သူမဘာလုပ်ရမှန်းမသိ
ကာမျက်ရည်တွေနှင့်အနားသို့တိုးသွားမိလျက်
တောင်းပန်ရင်း ကဗျာ ကထပ်ပြောလာသည်။
သူကတော့ ကဗျာ့ ကိုပဲတားနေရင်းသမီးကိုဆွဲ
ခေါ်မလို့လုပ်နေလေသည်။

" ရှေ့မတိုးကြနဲ့နော် ဘယ်သူ့မှ "

" ကဗျာ မလုပ်နဲ့နော် "

" မကဗျာ ကျွန်မတောင်းပန်ပါတယ် သမီးလေး
ကိုလွှတ်ပေးပါ "

" ဒါတွေအာလုံးနင်နဲ့နင်သမီးကြောင့်ဖြစ်ရတာ
နင်ကြောင့် ကိုကို ကငါနဲ့သားလေးကို ဂရုမစိုက်
တော့တာ ရှေ့မတိုးနဲ့နော် "

" ကဗျာ မင်းလျှောက်မလုပ်နဲ့နော် သားလေး
မျက်နှာကိုကြည့်ပါဦးကွာ ငါ့သားကိုငါချစ်ပါ
တယ်သမီးကလဲငါ့သမီးပဲ မင်းလွှတ်ပေးလိုက်
ပါကွာ "

" မေမေ ဖေဖေ "

ကျွန်မသမီးကိုကြည့်ရင်း ကဗျာ ကသမီးရဲ့
လည်ပင်းပေါ်ထောက်ထားသည့်ဓားကြောင့်
တောင်းပန်နေမိသော်လည်း ကဗျာ ကလွယ်
လွယ်နှင့်ပြောလို့ရမည့်မိန်းမမဟုတ်၍ကျွန်မ
မျက်ရည်တွေကိုသုတ်လိုက်မိသည်။

ရင်ထဲနစ်ဝင်သောဆူး (Completed) OCDonde viven las historias. Descúbrelo ahora