Part 14 Uni/Zawgyi

1.5K 38 0
                                        

ရင်ထဲနစ်ဝင်သောဆူး

     အခန်း { ၁၄ }

ကဗျာ ရောက်လာသောကြောင့်သူမကရှောင်
ထွက်
သွားသည်။ ကျွန်တော် ကဗျာ့ ကိုလူနာခန်းပြန်
ခေါ်လာခဲ့လေသည်။ လူနာခန်းကိုပြန်ရောက်မှ
ခါးထောက်ပြီးရပ်နေမိရင်း ကဗျာ ကကျွန်တော့်
လက်မောင်းကိုလာဆွဲ၍ပြောလာတော့ဆေးရုံမှာ
မို့ကျွန်တော်အသံကိုခပ်ဖိဖိပြောမိသည်။ ဒါကို
သူမကထပ်ပြီးဆိုလာသည်။

" ကိုကို ဘာလို့သူ့နောက်လိုက်နေတာလဲ "

" အဲ့ဒါမင်းနဲ့မဆိုင်ဘူး "

" ဘာလို့မဆိုင်ရမှာလဲ ကဗျာ ကကိုကို့ရဲ့ဇနီး
ကိုကို့ကလေးရဲ့အမေနော် "

" မင်းငါ့ကိုအဲ့ဒီအချက်နဲ့လာလာမချူပ်နဲ့မင်း
သာအဲ့ဒီတုန်းကငါ့ကိုလိမ်ပြီးအရမယူခဲ့ရင်
ငါသူနဲ့ကွဲစရာအကြောင်းမရှိဘူးကွ "

" ကဗျာ လိမ်ခဲ့တယ်ဆိုတာကိုကို့ကိုချစ်လို့
ကိုကို့ ကိုပိုင်ဆိုင်ချင်လို့ "

" အခုလည်းငါ့ကိုမင်းပိုင်နေတာပဲမင်းမေ့နေတာ
ကမင်းငါ့ကိုအရယူနိုင်ခဲ့ပေမယ့်ငါ့အချစ်ကိုတော့
မင်းဘယ်တော့မှရမှာမဟုတ်ဘူးအခုငါသည်းခံနေတယ်ဆိုတာငါ့ကလေးကြောင့်နောက်ပြီး​ ကြွေရုပ်
ကမင်းကလေးနဲ့မင်းရဲ့အသက်ကိုကယ်ပေးထား
တာမမေ့နဲ့ "

" ကိုသက္ကရာဇ် ကဗျာ ကရှင့်မိန်းမဆိုတာမမေ့နဲ့
အဲ့မိန်းမကျေးဇူးရှိတယ်ဆိုပြီးပြန်ဆက်ဖို့မကြိုးစား
နဲ့ ရှင်ကကျွန်မအပိုင်ပဲ "

ကျစ် .........

တာဝန်ချိန်အတွင်းနှစ်ယောက်အတူဆုံမိပေမယ့်
သက္ကရာဇ် ဘက်ကသာစကားတွေလိုက်ပြောနေ
ပေမယ့်သူမကတော့တစ်ခွန်းမှပြန်မဆို။ သူ့စကား
တွေကိုမကြားသလိုအကြည့်နှင့်ပင်။ မျက်ဝန်းချင်း
ဆုံအောင်မကြည့်ခဲ့မလွှဲသာလို့ဆုံမိပြန်ရင်လည်း
ကြွေရုပ်လွှာ ကသူ့ကိုဘယ်တုန်းမသိဘူး၊မမြင်ဘူး
မပတ်သက်ဘူးသလိုစိမ်းကားသောအပြူအမူ
တွေနဲ့သာရှိနေတက်သည်။ မတွေ့ရတဲ့ကာလတွေ
မှာသူမဘယ်လိုဒုက္ခသောကတွေရှိခဲ့လဲ။ သူမသိပါ
သူမလေးမျက်နှာထက်တည်ငြိမ်ရင့်ကျက်သော
ခါးသီးမှုတွေကိုတွေ့ရသည်။ တိုက်ဆိုင်စွာပင်တစ်
မြို့ထဲမှာတာဝန်ကျခဲ့ရုံမကတစ်မိုးအောက်ထဲမှာ
အတူတာဝန်ထမ်းဆောင်ခွင့်ရတဲ့ကံကြမ္မာကပင်
ဆန်းကျလွန်းလှသည်။ ဒါလည်း ကဗျာ ကလေး ကို
မွေးဖွားပေးခဲ့တဲ့ဆရာဝန်တစ်ယောက်အဖြစ်တဲ့
သူမခါးသီးမုန်းတီးမည်ဆိုတာသူနားလည်သည်။

ရင်ထဲနစ်ဝင်သောဆူး (Completed) OCWhere stories live. Discover now