Part 12 Uni/Zawgyi

1.5K 40 0
                                        

ရင်ထဲနစ်ဝင်သောဆူး

      အခန်း { ၁၂ }

🎶 မင်းရဲ့မျက်ဝန်းထဲမှာမျက်ရည်စများနဲ့
မင်းရဲ့မျက်ဝန်ထဲမှာမျက်ရည်စများနဲ့ ... မင်း
ကငါ့အချစ်ဆုံးပါပဲဘယ်သူ့မှငါ့အနားမရှိနိုင်
ဘူး တို့ဝေးသွားလည်း ချစ်ရေ Looking To
My Eye နှုတ်မဆက်ချင်ဘူး 🎶

" ဟယ်လို "

" သား သားမိန်းမဗိုက်နာနေပြီ အခုဘယ်မှာလဲ "

" ဟုတ်ကဲ့ သားအခုလာခဲ့မယ် "

" ဘာတဲ့လဲ "

" ကဗျာ ဗိုက်နာနေလို့တဲ့ "

ဇေရဲ သက်ပြင်းချရင်းသူ့ကိုကြည့်ပြီးပခုံးပုတ်လိုက်
လေသည်။ ကြွေရုပ်လွှာ ပြန်ရောက်နေတာသူသိသွား
ရင်သူတို့အိမ်ထောင်ရေးဘာဆက်ဖြစ်မှာလဲ။ ဇေရဲ
သူတို့အိမ်ထောင်ရေးအတွက်သူမပြန်ရောက်နေတာ
ကိုဖုံးကွယ်ထားမိသည်။

" ငါသွားတော့မယ် "

သူအမြန်ဆေးရုံကိုမောင်းလာတော့မေမေတို့
ကအရေးပေါ်ခန်းရှေ့တွင် စောင့်နေကျသည်။
ကဗျာ ကလူနာကုတင်မှာ အော်နေရင်း နက်စ်
တွေကအလုပ်ရှုပ်နေကြ၍သူလှမ်းအော်လိုက်မိသည်။ နက်စ်တစ်ဦးကသူ့ဆီရောက်လာပြီး
ဆိုတော့သူကျွတ်သက်လိုက်ရင်း ပြန်မေးခွန်း
ထုတ်လိုက်မိသည်။ ထိုနက်စ်ကသူ့ကိုပြန်ဖြေ
ပြီးဖုန်းဆက်ပေးသည်။

" နက်စ် ဆရာဝန်အမြန်ခေါ် ကျွန်တော်မိန်းမမွေးတော့မယ် "

" သားဖွားမီးယပ်ဆရာဝန်တွေ ဂျူတီဆင်းသွား
ပါပြီ ဒေါက်တာ သဇင် ကဒီနေ့ခွင့်ယူသွားပါတယ် "

ကျစ် .........

" ဆရာဝန်တွေတစ်ယောက်မှမရှိဘူးလား "

" ခဏ တစ်ယောက်တော့ရှိပါတယ် ဖုန်းဆက်
ပေးပါမယ် "

တူ ... တူတူတူ ... တူတူ ... တူ

ကျွန်မအိပ်နေရင်းမှဖုန်းကောက်ကိုင်လိုက်မိ
သည်သမီးကိုသိပ်ရင်းအိပ်ပျော်သွားတာည
{ ၁၁ } နာရီတောင်​ကျော်နေပြီလေ။

" ဟယ်လို "

ဆေးရုံကဖုန်းဝင်လာတာကြောင့်သူမအမြန်ထပြီး
လာရတော့သည်။ ညဘက်တွေအခက်ခဲဖြစ်မှာစိုး၍
သဇင် ကကားတစ်စီးပေးထားပေမယ့်သိပ်မသုံးဘဲ
အခုလိုမှာသာ Taxi မငှားချင်၍သုံးမိသည်။

ရင်ထဲနစ်ဝင်သောဆူး (Completed) OCOnde histórias criam vida. Descubra agora