ရင်ထဲနစ်ဝင်သောဆူး
အခန်း { ၁၀ }
သဇင် ကအိမ်ရောက်လာကာ သူမကိုနှစ်သိမ့်
လေ
သည်။ သူမမျက်ရည်တွေကိုအကြိမ်ကြိမ်သုတ်
မိရင်းစတီခုံကိုမှီထိုင်လျက်ထိုနေ့ကအဖြစ်အပျက်
ကိုသာပြန်မြင်ယောင်နေမိသည်။ သူမအပေါ်ကို
သူဒီလိုလုပ်လိမ့်မည်ဟုမတွေးခဲ့ပါ။ သူမဘဝမှာ
ပထမဆုံးချစ်မိကာမှာလိမ်ညာရက်သည်။" ငါသတိပေးခဲ့တာပဲ ကြွေရုပ် ရယ် "
" ငါကိုကမှားတာပါဟာ "
" မငိုပါနဲ့တော့ ကြွေရုပ် ရယ် "
" ဟင့်အင်း ငါဒီနေ့တစ်ရက်လောက်တော့ငိုပါ
ရစေ နောက်နေ့သူလိုလူအတွက်ငါမျက်ရည်
မကျစေရဘူး "" အေးပါ "
သူမနှစ်ရက်လောက်ကျောင်းမတက်ဖြစ်ပါလေ။
စာမေးပွဲပြီးသွားလို့စိတ်ထဲအနည်းငယ်ပေါ့ရသည်။
မေမေတို့ပြန်မလာသေးတော့သူမတစ်ယောက်
တည်းမို့ သဇင် ကသူမနှင့်အတူလာနေပေး
သည်။" ကြွေရုပ် "
ကျွန်တော်ကျောင်းထိပ်မှာသူမကိုစောင့်နေပေမယ့်
အချိန်တော်ကြာရောက်မလာသေးပါ။ သဇင် ရောက်
လာတော့သူမပါမည်အထင်နဲ့လှည့်ကြည့်၍ သဇင်
အနားလျှောက်သွားရင်းရေရွတ်လိုက်မိသည်။" သက္ကရာဇ် "
" ကြွေရုပ် ရော "
" သူဒီနေ့ကျောင်းမလာဘူး "
" ငါလိုက်သွားမယ် "
ကျွန်တော်သူမအိမ်ကိုလိုက်သွားမလို့လုပ်တော့
သဇင် ကလက်ကိုဆွဲထားသည်။ ကျွန်တော်သူမ
နှင့်ဖြေရှင်းရမည်။ သူမကဖုန်းကလည်းပိတ်ထား
ကာဆက်သွယ်မရပါလေ။ သူမအထင်လွှဲနေတာ။
ကျွန်တော်ဖြေရှင်းမှရမည်။ ကျွန်တော်ချစ်တာ
သူမတစ်ယောက်တည်းကိုပါ။ ဒီကလေးကိစ္စက
ဘယ်ကနေဘယ်လိုပေါ်လာလဲကျွန်တော်စဥ်းစား
၍မရချေ။" ငါ့သူငယ်ချင်းကိုနင်ဘာစိတ်ဒဏ်ရာပေးဦး
မလို့လဲ "" မဟုတ်ဘူး သဇင် လုံးဝမဟုတ်ဘူး "
" အဲ့ဒါ ကြွေရုပ် ကိုပြောရမှာ "
" ငါ ကြွေရုပ် ကိုလုံးဝသစ္စာမဖောက်ဘူး "
![](https://img.wattpad.com/cover/298156691-288-k69183.jpg)
YOU ARE READING
ရင်ထဲနစ်ဝင်သောဆူး (Completed) OC
Romanceတစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီးထဲသိပ်ချစ်ကြတဲ့စုံတွဲလေး တစ်စုံတစ်ယောက်ကအထင်လွဲအောင်ဖန်တီးပြီးသူတို့နှစ်ဦးကိုခွဲပစ်လိုက်သောရာ အချိန်တွေကြာမှပြန်ပြီးတွေ့ဆုံကြတဲ့အခါ အချစ်နဲ့အိမ်ထောင်ရေးကြား ဘယ်လိုရင်ဆိုင်မလဲ Zawgyi တစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီး...