Part 19 Uni/Zawgyi

1.6K 34 0
                                    

ရင်ထဲနစ်ဝင်သောဆူး

   အခန်း { ၁၉ }

ကျွန်မသမီးလေးနဲ့ ကိုမိုးသောက် နှင့်အတူလာ
ခဲ့ရင်းဖြင့်ရဟတ်စီးသောနေရာမှာသမီးလေးနှင့်
အတူကစားနေမိသည်။ ရဟတ်စီးပြီးတော့ဆင်း
လာတော့ကျွန်မခုံတစ်ခုံမှာဝင်ထိုင်လိုက်ရင်းနှင့်မူးနေမိပြီးကျွန်မတို့သုံးယောက်ပြိုင်ရယ်မိရင်း
တွေ့လိုက်ရတဲ့သူကြောင့်မျက်နှာအပြုံးတို့က
ပျောက်ပျက်သွားရသည်။ ကျွန်မသူတို့နှင့်မတွေ့
ချင်၍ထိုနေရာမှထထွက်လာခဲ့ရင်းရှောင်လာ
ခဲ့မိသည်မဟုတ်ပါလား။ နောက်နားနေလို့ရတဲ့
မြတ်ခင်းတစ်ခုမှာခေါက်ဖြာလေးကိုခင်းလိုက်
ရင်းနေ့လည်စာစားလိုက်မိကြသည်။ သမီးလေ
ကဆက်ပြီးတော့ဆော့ဦးမယ်ဆိုတာကြောင့်
ကိုမိုးသောက် နှင့်အတူတူထွက်သွားလေသည်။
ကျွန်မကရဟတ်စီးပြီးမူးနေသည်မို့ထိုနေရာ
လေးမှာပဲစာအုပ်လေးဖတ်ရင်းကျန်ခဲ့လိုက်မိ
သည်မဟုတ်ပါလား။

" ကြွေရုပ် "

" အမလေး "

အနောက်ကနေခေါ်လိုက်တာကြောင့်သူမကျော
လေးတွန့်ပြီးလန့်သွားရသည်။ သူမလှည့်ကြည့်ရင်း
သူပြုံးလိုက်သည်။

" ဟင် ... လန့်လိုက်တာ "

" ဘာလို့လဲ "

" ရှင်ကအနောက်ကနေရောက်လာတာကို "

" ကိုယ်ကမင်းနဲ့အရင်းနီးဆုံးလူပါကွာ "

သက္ကရာဇ် သူမစကားကြောင့်ဆိုလိုက်ရင်းသူမ
ဘေးမှာဝင်ထိုင်လိုက်လေသည်။ သူမကသူ့ကိုကြည့်
ပြီးထပ်မေးလာသည်။ ထိုအခါ သူစသလိုနောက်
သလိုဖြေလိုက်မိလေသည်။

" ရှင်ဘာလာလုပ်တာလဲ "

" မင်းဆီကိုလာတာ "

" ရှင့်ကိုဘယ်သူကဒီမှာထိုင်ခိုင်းလို့လဲ "

" ထိုင်လို့မရဘူးလား "

" ရှင်မရွဲ့နဲ့ "

" ဟောဗျာ "

သူမမျက်မှောက်လေးကြုတ်ပြီးမေးလာတော့သူ
သဘောကျစွာရယ်လိုက်ရင်း

" ရှင်ဘာလာလုပ်တာလဲ "

" ကြွေရုပ် နဲ့တွေ့ချင်လို့ "

ရင်ထဲနစ်ဝင်သောဆူး (Completed) OCDonde viven las historias. Descúbrelo ahora