Part 27 Uni/Zawgyi

384 4 0
                                        

ရင်ထဲနစ်ဝင်သောဆူး

   အခန်း { ၂၇ }

ကျွန်မဧည့်ခန်းမှထိုင်နေမိရင်းက သဇင် နှင့်
အတူဖေဖေနှင့်မေမေတို့ကလိုက်လာခဲ့သည်
မို့ကျွန်မထရပ်လိုက်မိရင်းသူကသမီးလေးကို
ဆေးတိုက်ပြီးတော့အိပ်ခိုင်းခဲ့ရင်းထွက်လာ
သည်။ ကျွန်မသူ့ကိုကြည့်မိရင်းကရုတ်တရတ်
အနောက်ကဆွဲလှည့်ပြီးအရိုက်ခံလိုက်ရ၍
ကြောင်သွားရသည်။

ဖြန်း .........

" ဟင် "

" နင့်အကြံဒါအကုန်ပဲလား ... ငါ့ဆီက ကိုကို့ ကိုလုချင်နေတာမလား "

" ကဗျာ "

" ဝင်မပြောနဲ့ ကိုကို "

" သမီး "

ကဗျာ ရိုက်လိုက်၍ကြိမ်းစပ်သွားသည့်ကျွန်မ
ပါးကိုကျွန်မလက်ဖြင့်ပြန်ကိုင်ရင်းလှည့်ကြည့်
လိုက်မိသည်။ သူက ကဗျာ့ ကိုဝင်တားပေမယ့်
ကဗျာ ကသူ့ဘက်လှည့်အော်သည်။ ထိုအခါ သူ့
အမေကပါဝင်ထားသော်လည်းဂရုမစိုက်ပေ။

" နင်ဘယ်လောက်ကြိုးစားကြိုးစား ကိုကို့ ကို
နင်မရဘူး "

" ကဗျာ တော် ... "

" အရင်ကလဲမရခဲ့လို့ အခုမှပြန်လုချင်နေတာ
လား "

" မကဗျာ "

ကျွန်မအနည်းငယ် ဒေါသထွက်သွားရသည်။
သမီးနေမကောင်းသည့်ကြားကသူမခံစားချက်
တွေကိုထိန်းထားခဲ့သော်လည်း ကဗျာ ဆိုသည့်
မိန်းမကမရ။ ပိုပြီးတော့ယောက်တက်လာသည်။
တကယ်ဆိုလျှင်ဘယ်သူကစပြီးတော့လုခဲ့တာ
လဲ။ ကျွန်မနှင့်သူချစ်သူတွေဖြစ်နေတာကိုသိလျက်
နှင့်တောင်သူမကသူ့ကိုအရယူခဲ့တာလေ။

" နင်ဘယ်လောက်ကြိုးစားပါစေ ငါက ကိုကို့
တရားဝင်ဇနီးပဲ ဘာလဲ အဲ့လောက်လင်ရှားနေ
လား "

" တော်တော့ ... တော်လိုက်တော့ "

" နင် နင် "

" တစ်ခွန်းမှထပ်ပြီးမပြောနဲ့ "

" ကြွေရုပ် "

" ရှင့်စော်ကားနေတဲ့စကားတွေရပ်လိုက်ရင်
ကောင်းမယ် ဘယ်သူကဘယ်သူ့ဆီကလုတာ
လဲ ရှင်ကိုယ်တိုင်သိမှာပေါ့ မကဗျာ "

ရင်ထဲနစ်ဝင်သောဆူး (Completed) OCМесто, где живут истории. Откройте их для себя