Part 23 Uni/Zawgyi

351 4 0
                                        

ရင်ထဲနစ်ဝင်သောဆူး

   အခန်း { ၂၃ }

ကျွန်တော်အောက်ထပ်ကိုဆင်းလာပြီးတော့
ထမင်းစားဝိုင်းမှာဝင်ထိုင်လိုက်မိသည်။မေမေ
ကပန်းကန်ထဲကိုယ်တိုင်ထမင်းခူးပေးပြီးဟင်း
ထည့်ပေးသည်။ မိသားစုထမင်းစားနေရင်းက
ရီမွန် ပြောလိုက်သည့်စကားကြောင့်ကျွန်တော်
ဟက်ခနဲရယ်ကာပြန်မေးလိုက်မိသည်။

" ဘယ်လိုပဲဖြစ်ဖြစ်နင့်ကိုတော့ငါလေးစားတယ် သက္ကရာဇ် "

" ဆိုစမ်းပါဦး ဘာလို့လဲ "

" သမီး ထည့်စားနော် "

" ဟုတ် အန်တီ "

မေမေက ရီမွန့် ကိုထမင်းထည့်ပေးပြီးတော့
ဝင်ထိုင်လိုက်လေသည်။ ရီမွန် ကမေမေ့ဘက်
သို့လှည့်ပြီးပြောရင်းထမင်းဆက်စားနေတော့
သူစိတ်မရှည်ဘဲ မေးလိုက်မိသည်။ ထိုအခါမှ
ရီမွန် ကဆက်ပြီး ပြောလာတော့ ရီမွန့် စကား
ကြောင့် သူလက်ထဲက ဇွန်းကိုလွှတ်ချလိုက်မိ
လေသည်။

" ကဲ ပြော ဘာကိုလေးစားတာလဲ "

" နင့်ယောကျ်ားပီသတဲ့စိတ်ဓာတ်လေ ... ကိုယ့်
ကလေးနဲ့မိန်းမအပေါ်ချစ်တတ်တဲ့စိတ်ငါလေး
စား
တယ် ငါအမေရိကားမှာတုန်းကပေါ့ မိန်းကလေး
တစ်ယောက်ကိုငါသနားတယ် "

" ဘာလို့လဲ သမီး "

" သူ့ယောကျ်ားကသစ္စာဖောက်သွားတာတဲ့
သူ့မှာကလေးရှိတာကိုသူ့ယောကျ်ားမသိဘူး
တဲ့ အန်တီရဲ့ "

ချလွင် .........

မေမေကအာရုံစိုက်နားထောင်နေကာသူထမင်း
ဆက်မစားနိုင်တော့ပါ။ သို့သော် ထမသွားမိဘဲ
ရီမွန့် စကားကိုအာရုံစိုက်ဆက်နားထောင်နေမိလေ
သည်။ ရီမွန် ပြောနေတာသူမများလား။

" သြော် သနားပါတယ် "

" သူ့ကလေးကိုတစ်ယောက်ထဲမွေးဖို့ရုန်းကန်
ခဲ့ရှာတာ "

" သူမပြောပြသင့်တယ်မဟုတ်ဘူးလား ရီမွန်
ဟိုကကလေးရဲ့အဖေပဲ သူ့ကလေးကမချစ်ပဲ
နေမလား "

" သူ့ကလေးကိုအဖေဘက်ကခေါ်သွားခဲ့ရင်
မိထွေးလက်ထဲရောက်မှာစိုးလို့သူ့မာနလေး
ပေါ့ "

ရင်ထဲနစ်ဝင်သောဆူး (Completed) OCWhere stories live. Discover now