ရင်ထဲနစ်ဝင်သောဆူး
အခန်း { ၂၉ }
ကျွန်တော်ခြံထဲမှာပန်းပင်တွေကိုရေလောင်း
နေခဲ့မိပြီးငေးနေမိရင်းနှင့် ခြံရံ ဆီကဖုန်းလာ
နေ၍ကောက်ကိုင်လိုက်မိသည်မဟုတ်ပါလား။
သူလဲ...ကပြန်ရောက်နေတယ်ကြားရပေမယ့်
အဆက်အသွယ်မလုပ်ဖြစ်တာပင်။" ဟယ်လို "
" သက္ကရာဇ် နေကောင်းလား "
" အေး ကောင်းပါတယ်ကွာ "
" ဒါနဲ့ မင်းသတင်းတွေလဲငါကြားတယ်နော်
ကြွေရုပ် နဲ့အဆင်ပြေရဲ့လား "" ဒီလိုပါပဲ ဟေ့ရောင် မင်းကွာ အမေရိကား
ကပြန်ရောက်နေတာကြာပြီငါ့ကိုမဆက်သွယ်
ဘူး အခုမဆက်သွယ် "" ဒီလိုပဲကွာ ငါလဲကုမ္ပဏီကအလုပ်တွေနဲ့ရှုပ်
နေလို့ ... ဒါနဲ့ စန္ဒာ ဆိုတဲ့ကောင်မလေးရောအဆင်ပြေလား "" ဟေ့ရောင် တော်စမ်းပါကွာ ငါအဲ့မိန်းမကိုမုန်း
တယ် ငွေမက်တဲ့မိန်းမ "ခြံရံ ကချက်ချင်းဆိုသလိုအသံကပြောင်းသွား
သည်။ သူဘာတွေလုပ်နေလဲ။ မတွေ့ဖြစ်တာပဲ
တော်တော်တောင်ကြာခဲ့ပြီလေ။ ခြံရံ ကသူနှင့်
ကိုးတန်းထိတွဲခဲ့ပြီးတက္ကသိုလ်ရောက်တော့ ခြံရံ
ကစီးပွားရေးလိုင်းကိုဝင်ကာသူကဆေးမှတ်နှင့်
ဆေးကျောင်းဆက်တက်ခဲ့သည်။ နောက်ပိုင်း
တော့
သတင်းကြားတာကသူ့ချစ်သူနှင့်အဆင်မပြေလို့
အမေရိကားထွက်သွားသည်ဟုသတင်းရခဲ့သည်။
နောက်ပိုင်းတော့သူလည်းသူကိစ္စတွေနှင့်ရှုပ်နေ
တော့ဖုန်းမဆက်ဖြစ်ပါလေ။" မင်းကလဲကွာ သူလဲအကြောင်းတစ်ခုခုရှိလို့
နေမှာပေါ့ "" ဘာအကြောင်းလဲ ငါ့ထက်အရေးကြီးလို့ငါ့ကိုထားခဲ့ရအောင် ဘာအကြောင်းတွေရှိလို့လဲ
ငါ့မှာတော့ မာမီ တို့နဲ့အတိုက်အခံလုပ်ပြီးချစ်
ခဲ့တာ "" သူငါ့ကိုအဲ့လိုလုပ်သွားတဲ့နေ့ကိုငါလုံးဝမမေ့ဘူး မာယာများတဲ့မိန်းမ "
" ထားလိုက်ပါကွာ ငါတို့တွေ့ရအောင် ငါမင်းနဲ့
တိုင်ပင်စရာတွေရှိတယ် "" အေး ငါလဲမင်းနဲ့တွေ့ချင်တယ် "
ကျွန်တော်ဖုန်းချလိုက်လေသည်။ စစ်ခြံရံ ကို
လည်းသူ့ကောင်မလေးနှင့်ပြန်ပြီးအဆင်ပြေ
လျှင်ပြေလည်စေချင်ပါရဲ့။

ESTÁS LEYENDO
ရင်ထဲနစ်ဝင်သောဆူး (Completed) OC
Romanceတစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီးထဲသိပ်ချစ်ကြတဲ့စုံတွဲလေး တစ်စုံတစ်ယောက်ကအထင်လွဲအောင်ဖန်တီးပြီးသူတို့နှစ်ဦးကိုခွဲပစ်လိုက်သောရာ အချိန်တွေကြာမှပြန်ပြီးတွေ့ဆုံကြတဲ့အခါ အချစ်နဲ့အိမ်ထောင်ရေးကြား ဘယ်လိုရင်ဆိုင်မလဲ Zawgyi တစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီး...