Part 30 Uni/Zawgyi

410 4 0
                                        

ရင်ထဲနစ်ဝင်သောဆူး

    အခန်း { ၃၀ }

သေနတ်သံနှင့်အတူကျွန်မမျက်လုံးတွေစုံမှိတ်
ထားမိရင်းကမကြာမျက်လုံးပြန်ဖွင့်ကြည့်မိ
ရင်းလဲကျသွားတဲ့သူ့ကြောင့်ကျွန်မလှမ်းထိန်း
လိုက်ရင်းဖြင့်သူ့ရင်ဘက်မှသွေးတွေကိုကြည့်
လိုက်မိသည်။ ဟင် သူကျွန်မအစားဝင်ခံလိုက်
တာပဲ ... ဟင့်အင်း သူဘာမှမဖြစ်ရဘူး။ကျွန်မ
ဘာလုပ်ရမလဲ။ ​သက္ကရာဇ် ပုခုံးကိုပွေ့ထားရင်း
​မျက်ရည်တွေက ကြွေရုပ်လွှာ မျက်နှာလှလှ
လေးရဲ့ပါးပေါ်မှာအလိမ့်လိမ့်ကျနေသည်။

" ဟင် "

" ကိုသက္ကရာဇ် သတိထားဦး "

" ကြွေရုပ် "

" မောင် "

" ကြွေရုပ် မောင့် မောင့်ဆီကထွက် ထွက်မသွား
ပါနဲ့နော် "

" မောင် ရှင် ရှင်ဘာမှမဖြစ်ရဘူး "

ဆေးရုံထဲကဆရာဝန်တွေနှင့်သူနာပြုတွေက
ပြေးထွက်လာပြီးသူ့ကိုခေါ်သွားသည်။ အချိန်
တော်တော်ကြာအထိ Operating Room ရှေ့
သူမထိုင်စောင့်နေခဲ့မိရင်း နာရီအတော်ကြာမှ
ဆရာဝန်ကထွက်လာ၏။ ကြွေရုပ်လွှာ အနား
သို့လျှောက်သွားမိရင်း ...။

" ဒေါက်တာ သူ့အခြေနေ "

" ကျည်ကတော့ထုတ်ပြီးပါပြီ ဒေါက်တာ
ကြွေရုပ်လွှာ အခု I.C.U ခန်း​မှာပါ "

" ဒေါက်တာ ကျွန်မတို့ဝင်တွေ့လို့ရမလား "

" ရပါတယ် သူသတိတော့မရသေးဘူး "

" ဟုတ်ကဲ့ "

ကျွန်မခေါင်းညိတ်ပြပြီးတော့သူ့ကိုကုပေးသည့်
ဆရာဝန်ကထွက်သွားသည်။ ကျွန်မဒီအတိုင်းပဲ
ရပ်နေမိတော့သူ့အမေကကျွန်မကိုလှမ်းပြောလာ
၍ကျွန်မလှည့်ကြည့်လိုက်မိသည်။

" သမီးဝင်သွားလေ "

" မတွေ့တော့ပါဘူး အန်တီ ကြွေရုပ် သူ့ကိုတွေ့
လို့မဖြစ်ဘူး "

" သမီး "

" ကြွေရုပ် ကိုခွင့်ပြုပါဦး "

သူ့ရဲ့မိဘတွေကအမှန်တရားတွေသိပြီးကတည်းကသူမကိုသမီးနှင့်ပါးစပ်ကမချဘဲဂရုစိုက်ရှာလေသည်။
သူမအရမ်းသွေးအေးလွန်းရာရောက်နေပြီလား။

ရင်ထဲနစ်ဝင်သောဆူး (Completed) OCDonde viven las historias. Descúbrelo ahora