Part 16 Uni/Zawgyi

1.7K 39 1
                                        

ရင်ထဲနစ်ဝင်သောဆူး

      အခန်း { ၁၆ }

ကျွန်မကားမှန်ကနေအပြင်ကိုငေးနေရင်း
ကိုမိုးသောက် ကကျွန်မကိုခဏခဏလှည့်
ကြည့်နေတာကြောင့်ကျွန်မလှည့်၍ကြည့်
လိုက်မိသည်မဟုတ်ပါလား။

" ကိုမိုးသောက် ကျွန်မကိုပြောစရာရှိတာပြော
လေ "

" ကြွေရုပ် "

" အင်း "

" ကြွေရုပ် သူ့ကိုချစ်နေတုန်းပဲမလား "

သူမငြိမ်သက်စွာတိတ်ဆိတ်နေမိပါသည်။ သူ့ကိုချစ်
နေတုန်းပဲလားတဲ့သူမဘယ်လိုဖြေရမလဲအခုချိန်ကျ
မှအတိတ်ကိုပြန်မတမ်းတချင်ပါလေ။ သို့သော်
အတွေးကပြန်ပြန်ပေါ်လာရသည်ကိုကသူမနာကျင်
ရသည်။

" ဟင့်အင်း "

" ကြွေရုပ် ကိုယ့်ကိုမညာပါနဲ့ "

" ကျွန်မ ... "

" ကြွေရုပ် သူ့ကိုသမီးလေးနဲ့ပတ်သက်ပြီးအမှန်အတိုင်းပြောပြသင့်တယ်သူကသမီးရဲ့ဖခင်ပဲ
သူ့သမီးလေးကိုသူချစ်မှာပါ "

" မဟုတ်ဘူး ကျွန်မသူ့ကိုမပြောတာကသူသာ
သိသွားရင်ကျွန်မသမီးကိုလုယူမှာကျွန်မသမီး
ကိုမိထွေးလက်ထဲမထားနိုင်ဘူးကျွန်မပြောမှာ
မဟုတ်ဘူး "

" အင်းပါ "

ကျွန်မအိပ်ယာထက်မှဆင်း၍ရေအမြန်ချိုး
လိုက်ပြီးဂျင်း Pant အပြာလေးနဲ့ရှပ်အင်္ကျီ
ပန်းရောင်ဖျော့ဖျော့လေးဝတ်လိုက်ရင်းဖြင့်
ဆံပင်တွေကိုကျစ်ဆံမြီးကပိုကရိုလေးချည်
လိုက်မိသည်မဟုတ်ပါလား။ ပြီးနောက်အခန်း
ထဲမှထွက်ခဲ့ရင်းမီးဖိုဆောင်သို့ဝင်၍ထမင်း
အိုးတည်၍ငါးလေးကြော်လိုက်မိပြီးတော့
ရေခဲသေတ္တာထဲမှဘာလချောင်ကြော်လေးကို
နွှေးလိုက်ရင်းသမီးလေးအတွက်ထမင်းချိုင့်
လေးပြင်ရင်းကျွန်မထမင်းချိုင့်ကိုယူလိုက်
မိရာကအတိတ်ကသူနဲ့စတွေ့တုန်းကပုံရိပ်
ကအတွေးထဲပြန်ဖြတ်ပြေးလာခဲ့ပြန်သည်။
ကျွန်မခေါင်းခါလိုက်ပြီးထမင်းချိုင့်ပြင်ရင်း
သမီးကိုနှိုးဖို့အခန်းထဲပြန်ဝင်ခဲ့သည်မဟုတ်
ပါလား။ ပြီးနောက်သမီးလေးကိုနှိုးပြီးကျောင်း
သွားဖို့ပြင်ဆင်ပေးရင်းဗီဒိုထဲမှကျောင်းစိမ်း
ဂါဝန်လေးဝတ်ပေး၍ဆံပင်တွေကိုဖြီးပေး
လိုက်သည်။ သနပ်ခါးပါးပါးလေးလိမ်းပေး
ရင်းနဲ့အပြင်ထွက်လာခဲ့လိုက်သည်မဟုတ်
ပါလား။ သမီးလေးကိုကျောင်းသို့ပို့ပြီးတော့
အလုပ်သို့ထွက်လာခဲ့မိသည်မဟုတ်ပါလား။

ရင်ထဲနစ်ဝင်သောဆူး (Completed) OCOnde histórias criam vida. Descubra agora