ရင်ထဲနစ်ဝင်သောဆူး
အပိုင်း { ၉ }
ကဗျာ ဆိုင်ကပြန်လာတော့မာမီ့စိန်တွေကိုသိမ်း
နေရင်းကလှည့်ကြည့်လာသည်။ ကဗျာ စူပုတ်
၍ထိုင်နေမိရင်းမာမီကလှည့်ကြည့်လာခဲ့သည်။
ကဗျာ မာမီ့နားကပ်ထိုင်မိရင်းချွဲကာဂျီကျမိ
သည်။" မာမီလက်ထပ်ပွဲကိုအမြန်ဆုံးလုပ်ပေးပါ "
" ဘာဖြစ်လို့လဲ သမီး "
" ဘာမှမဖြစ်ပါဘူး သမီးကိုကို့ကိုအဆုံးရှုံးမခံ
နိုင်လို့ပါ "" သမီးကလည်း လုပ်ပေးမှာပေါ့ အဲ့ဒီလောက်
မလောရဘူးလေကိုယ်ကမိန်းကလေး "" မာမီကလည်း နော် နော်လို့ "
" အေးပါ အေးပါ "
သူမကျောင်းရှေ့မှာရပ်နေမိရင်းမိုးကမစဲသေး
သည်မို့ငိုင်နေမိသည်။ သူမအပေါ်မိုးလာသည့်
ထီးတစ်လက်ကြောင့်သူမဘေးကိုလှည့်ကြည့်လိုက်
မိသည်။ စာမေးပွဲဖြေနေသည့်အတောအတွင်း
သူနှင့်မတွေ့မိပါလေ။ သူမစာမေးပွဲခန်းကထွက်
လာသူကရင်တော့ခဏတစ်ဖြုတ်လာကြိုပေးတတ်
သည်။ သူလည်းစာမေးပွဲဖြေနေရတာလေ။" ကြွေရုပ် "
" မောင် "
" ဒီနေ့ထီးမယူလာဘူးလား "
" ထီးမေ့ခဲ့လို့ပါ "
" စာမေးပွဲဖြေနိုင်ရဲ့လား "
ကျွန်မမောင့်မေးခွန်းကိုပြန်ဖြေလိုက်မိရင်းအတူ
လျှောက်လာခဲ့မိသည်။ မောင်ကကျွန်မပါးကိုနမ်း
ရှိုက်လိုက်၍ကျွန်မမျက်နှာလေးရဲသွားရပြီးမောင့်
ရင်ဘက်ကိုထုရိုက်လိုက်မိသည်။ ဘက်စ်ကား
မှတ်တိုင်
ရောက်တော့မောင်ကသူမကိုမှန်ဘက်ကပေးထိုင်
စီးသည်။
လမ်းထိပ်ရောက်တော့မှပင်မောင်ကပြန်သွားခဲ့
လေသည်။" အင်း မောင်ရော "
" ဖြေနိုင်ပါတယ် ကြိုးစားရမှာပေါ့ အဲ့ဒါမှ
ကျောင်းပြီးရင် ကြွေရုပ်နဲ့လက်ထပ်ရမှာ "" အခုလဲလက်ထပ်ထားတာပဲလေ "
" ဒါပေါ့ အား ... ကိုယ့်မိန်းမပါးပေါ်ကသနပ်ခါး
လေးကမွှေးနေတာပဲ "

ESTÁS LEYENDO
ရင်ထဲနစ်ဝင်သောဆူး (Completed) OC
Romanceတစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီးထဲသိပ်ချစ်ကြတဲ့စုံတွဲလေး တစ်စုံတစ်ယောက်ကအထင်လွဲအောင်ဖန်တီးပြီးသူတို့နှစ်ဦးကိုခွဲပစ်လိုက်သောရာ အချိန်တွေကြာမှပြန်ပြီးတွေ့ဆုံကြတဲ့အခါ အချစ်နဲ့အိမ်ထောင်ရေးကြား ဘယ်လိုရင်ဆိုင်မလဲ Zawgyi တစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီး...