ရင်ထဲနစ်ဝင်သောဆူး
အခန်း { ၅ }
ကျွန်မထုံးစံအတိုင်းစာထိုင်ကျက်နေရင်းကသူရောက်လာမလားစောင့်ရင်းအတန်းချိန်နီးနေပြီး
မို့လွယ်အိတ်ကိုကောက်လွယ်၍စာအုပ်တွေထည့်
ပြီးအတန်းထဲဝင်ခဲ့လိုက်သည်။ အတန်းထဲဆရာ
ရောက်ပြီးမှသူဝင်လာ၍မေးမနေတော့ဘဲစာကို
သာအာရုံစိုက်ထားလိုက်မိသည်။ သူကျောင်းမှာပျောက်နေတဲ့နေ့တိုင်းကျွန်မစိတ်ပူနေတက်ခဲ့မိ
ပြီမဟုတ်ပါလား။ ကျွန်မသူ့ကိုချစ်နေခဲ့မိပြီလေ။
" ဟဲ့ သက္ကရာဇ် နင်ဘာလို့နောက်ကျနေတာလဲ "
" ဘာမှမဖြစ်ပါဘူး "
" ဟိုကနင့်ကိုမျှော်တာလည်ပင်းတောင်ရှည်ပြီး
ပြတ်တော့မယ်အတိုင်းပဲ "
" မဟုတ်ပါဘူးဟ "
" ဒါဆို ကြွေရုပ် ငါတို့ကန်တင်းသွားတော့မယ် "
" အင်း "
ကြွေရုပ်လွှာ သူ့ကိုမေးချင်သော်လည်းမမေးမိ
ဘဲရပ်နေမိရင်းတစ်ဦးနှင့်တစ်ဦးစကားမပြောဘဲ
ဒီတိုင်းရပ်နေမိသည်။ သဇင် တို့ကရှောင်ထွက်
သွား၍ပိုပြီအနေခက်သွားသည်။ သူမကမပြီးသေး
သည့်စာဆက်လုပ်နေတော့သူမဘေးတွင်ဝင်ထိုင်
လိုက်သည်။
" ကျောင်းတွေတောင်ပိတ်တော့မှာပဲ "
" ဟုတ်တယ် ကျောင်းတွေတောင်ပိတ်တော့မယ် "
" ဘာလိုလိုနဲ့ကျွန်မတို့ကျောင်းကြီးကိုခွဲခွာကြ
ရဦးမှာပဲ "
" ကိုယ်ကတော့ ကြွေရုပ် ကိုလွမ်းနေတော့မှာပဲ
ကွာ ကြွေရုပ် ကိုယ့်ကိုစဥ်းစားပေးမယ်ဆို "
" ရေတောင်ကုန်နေပြီပဲ ကျွန်မရေတစ်ဗူးသွား
ဝယ်လိုက်ဦးမယ် "
" ကြွေရုပ် "
" အမလေး "
ကျွန်မတမင်ရှောင်ပြီးစကားလွှဲ၍လှည့်အထွက်
သူကကျွန်မလက်ကိုလှမ်းဆွဲလိုက်၍နှစ်ယောက်
လုံးအနောက်ကိုလဲကျမလို့ဖြစ်သွား၍ကျွန်မသူ့
ကိုလှည့်အကြည့်မျက်လုံးချင်းဆုံမိသွား၍ကျွန်မ
သူ့ကိုတွန်းပြီးတဖက်ကိုလွှဲပြီးရပ်လိုက်မိသည်။
DU LIEST GERADE
ရင်ထဲနစ်ဝင်သောဆူး (Completed) OC
Romantikတစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီးထဲသိပ်ချစ်ကြတဲ့စုံတွဲလေး တစ်စုံတစ်ယောက်ကအထင်လွဲအောင်ဖန်တီးပြီးသူတို့နှစ်ဦးကိုခွဲပစ်လိုက်သောရာ အချိန်တွေကြာမှပြန်ပြီးတွေ့ဆုံကြတဲ့အခါ အချစ်နဲ့အိမ်ထောင်ရေးကြား ဘယ်လိုရင်ဆိုင်မလဲ Zawgyi တစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီး...
