Part 32 Final Uni/Zawgyi

1.2K 17 0
                                        

ရင်ထဲနစ်ဝင်သောဆူး

    အခန်း { ၃၂ }
      ဇာတ်သိမ်း

ကျွန်တော် သဇင့် ကိုလှမ်းကြည့်ရင်းမေးလိုက်
တော့ သဇင် ကခေါင်းညိတ်ပြီးဆက်ဆိုလာလေ
သည်။ ဇေရဲ ကကျွန်တော့်ပုခုံးကိုပုတ်လာသည်။
သဇင် ရဲ့သူငယ်ချင်းအပေါ်မှာထားတဲ့သစ္စာ
ကို
တော့သူလေးစားပါရဲ့။ ယနေ့အထိသူမပြောသမျှ
စကားကိုစောင့်ထိန်းပေးထားသည်။ ဇေရဲ တောင်မှမသိခဲ့ပေ။

" ကဗျာ အဲ့လိုလုပ်လိမ့်မယ်လို့ငါမထင်ခဲ့ဘူး
သဇင် ဘာလို့ငါ့ကိုမပြောခဲ့ရတာလဲဟာ "

" ကြွေရုပ် ကိုငါပြောခဲ့တုန်းက သူကမပြော
နဲ့ဆိုလို့ပါဟာ "

" ကြွေရုပ် ကပြောပြသင့်တယ် သဇင် သူလဲ
သက္ကရာဇ် ကိုမချစ်တာမှမဟုတ်တာ "

" အဲ့ဒါကြောင့်ပေါ့ အဲ့ဒါကြောင့်သူမပြောစေ
ခဲ့တာ သက္ကရာဇ် ကိုသူမခံစားစေချင်လို့ပါတဲ့
သူ သက္ကရာဇ် ကိုချစ်လွန်းလို့ပေါ့ "

" ​ဟင် "

ကျွန်တော်ဟင်ဆိုသည့်အာမေဋိစကားအသံ
ဖြင့် သဇင် စကားကိုဆက်နားထောင်လိုက်မိ
သည်။ သဇင် ကသက်ပြင်းလေး ရှိုက်လျက်
ဆက်ပြောလာခဲ့လေသည်။ ဇေရဲ ကပါအတူ
နားထောင်နေသည်။

" သူပြောခဲ့တာ သက္ကရာဇ် ဒီအကြောင်းသူ
သိသွားရင်ခံစားရမှာတဲ့ နင်က သားလေး
ကိုနင့်သားလို့ယုံကြည်ပြီးချစ်ခဲ့တာတဲ့ သူ
နင့်ကိုမခံစားစေချင်လို့တဲ့ "

" ကြွေရုပ် ရယ် "

" ကြွေရုပ် ကနင့်ကိုချစ်ပါတယ်ဟာ ဒီနေ့ထိ
သူနင့်ကိုချစ်နေတုန်းပါပဲ "

" ဇေရဲ သဇင် "

" ကြွေရုပ် "

ကျွန်မမီးဖိုခန်းထဲကထွက်လာတော့နှုတ်က
ခေါ်လိုက်မိရင်းသူကကျွန်မကိုချစ်ရိပ်လွမ်းရိပ်မျက်ဝန်းတွေနှင့်လှည့်ကြည့်သည်။ ကျွန်မ သဇင် တို့အနားသို့လျှောက်လာခဲ့မိရင်းသူ့ကိုလှည့်၍ ငေးမော့ကြည့်မိသည်။ ဘာလို့လဲ။ ဘာလို့မောင့်ရဲ့မျက်ဝန်းတွေကနေလွမ်းမော
ဝမ်းနည်းရိပ်တွေတွေ့နေရပါလိမ့် မောင်ရယ်။

" သဇင် နင်ဘာတွေပြောနေတာလဲ ဘယ်သူ့
ကိုချစ်နေတုန်းလဲ "

" ကြွေရုပ် မတွေ့တာကြာပြီ "

ရင်ထဲနစ်ဝင်သောဆူး (Completed) OCWhere stories live. Discover now