Part 18 Uni/Zawgyi

1.6K 38 0
                                    

ရင်ထဲနစ်ဝင်သောဆူး

    အခန်း { ၁၈ }

သူကမထီမဲ့မြင်လိုအပြုံးပြုံးသည်မို့သူမထပ်ပြော
ရင်းပြန်ခိုင်းနေရသည်။ ဒါကိုပင်သူကမမှုသလိုပါ။
သူမမျက်မှောင်လေးကုတ်ပြီးသူ့ကိုမကြည့်တော့ဘဲ
စားပွဲကိုသာကြည့်နေမိသည်။

" ကြွေရုပ် "

" ဟင် "

" မင်းကကိုယ့်မိန်းမပဲလေ "

" မဟုတ် ... "

" အခုလဲကိုယ့်မိန်းမအနားမှာရှိနေတာပဲ "

" ကျွန်မ "

ကျွန်မတစ်ဖက်မျက်လွှာလေးလွှဲထားရင်းကသူ့ဆီ
ကိုစူးရှရှပြန်ကြည့်ရင်းပြတ်သားစွာပြောလိုက်မိတော့
သူကအတိတ်ကအကြောင်းပြန်လာပြောလေသည်။
ကျွန်မမသိချင်တော့ပါ။ ကြားလည်းပြန်မကြား
ချင်တော့ပါ။ ဒါကိုသူကဂရုမစိုက်ပါဘဲဆက်ပြီး
တော့ပြောနေသေးသည်။ သူမမျက်ဝန်းထက်တွင်
မျက်ရည်တွေကပြည့်လာရပြီးခေါင်းကိုသာတွင်
တွင်ခါမိသည်။

" ကျွန်မပြောတာရှင့်မိန်းမနဲ့ကလေးဆီကို "

" ကိုယ့်အတွက်တော့မင်းကကိုယ့်မိန်းမပဲ "

" ရှင် "

" အခုအခြေနေအရပြောခွင့်မရှိပေမယ့်မင်းက
ကိုယ့်မိန်းမဖြစ်နေတုန်းပဲ "

" ဟင့်အင်း "

သူနှင့်လက်ကာပြတားဆီးလိုက်ရင်းထွက်သွား
ဖို့ကြိုးစားမိသည်။ သူကပေးမသွာဘဲသူမလက်
ကိုဆုပ်ကိုင်ထားပြန်သည်မို့လက်ကိုရုန်းနေမိရင်း
နှုတ်ခမ်းလေးဖိကိုက်ထားမိသည်။

" မင်းနဲ့တရားဝင်လက်မှတ်ထိုးခဲ့တာ "

" တော်ပါတော့ ... တော်ပြီ အတိတ်ကပတ်သက်
သမျှကျွန်မမကြားချင်ဘူး အတိတ်ကအရာအားလုံး
ကျွန်မမုန်းတယ် ရှင့်ကိုလဲကျွန်မမုန်းတယ် "

" ကြွေရုပ် "

" ရှင်ဇနီး မကဗျာ နဲ့ကလေးဆီပြန်တော့ "

" ကိုယ်တို့စကားသေချာပြောရအောင်ကွာ "

" ကျွန်မမှာပြောစရာမရှိဘူး "

သူမကျောခိုင်းသွားပြီးခေါင်းခါငြင်းနေလေသည်။
ကျွန်တော်သူမကအနောက်မှာငေးရင်းသူမစိတ်
ထပ်ညစ်ရမှာစိုး၍ပြန်ခဲ့ရသည်။

ရင်ထဲနစ်ဝင်သောဆူး (Completed) OCDonde viven las historias. Descúbrelo ahora