Part 21 Uni/Zawgyi

4.5K 53 4
                                    

ရင်ထဲနစ်ဝင်သောဆူး

    အခန်း { ၂၁ }

" ဟာ အစ်ကိုတို့အစ်မတို့လာလည်ကြတာလား အစ်မလေးနဲ့အစ်ကိုလေးမတွေ့တာကြာပြီနော် "

" ကျွန်တော်တို့ကိုမှတ်မိတာလား "

" မှတ်မိတာပေါ့ အဲ့တုန်းကသူငယ်ချင်းတွေ
နှုတ်ဆက်ပွဲ လားပဲတစ်ဖွဲ့လုံးဒီမှာတည်းခဲ့ကြ
တာလေ "

သူမလက်ကိုဆွဲခေါ်ခဲ့ရင်းဧည့်ကြိုကောင်လေး
ကပြောလာတာကြောင့်အားလုံးမျက်ခုံးပင့်တက်
သွားသည်။ အမှင်သက်မိဆုံးကသူပင်။

" အဲ့တုန်းက ဒီကအစ်မလေးတည်းတဲ့အခန်းကပျက်နေတာလေ "

" ကြွေရုပ် အခန်းကလား "

" ဟုတ်တယ် "

" အစ်မတည်းသွားတဲ့အခန်းကနံပါတ်နဲ့မီးက
ပါပျက်နေတာ "

" မင်းဒီမှာဘာလာလုပ်တာလဲကွာ "

ဇေရဲ ဝင်မေးလိုက်သော်လည်းသူကမဖြေပါ။
ဧည့်ကြိုကောင်လေးဆီကသော့ကိုတောင်းပြီး
သူမလက်ကိုဆွဲခေါ်လာခဲ့လေ၏။ သူဘာလုပ်
မလို့လဲ။ အတိတ်က ကိစ္စတွေ ပေါ်သွားလို့မရ
ဘူး။ သူမ သမီးကို အဆုံးရှုံးမခံနိုင်ဘူး။ သူမ
အတိတ်နှင့်ပတ်သက်ပြီးတော့လည်းဘာမှပြန်
မပြောချင်တော့ဘူး။

" မီးကတော့ပြန်ပြင်ထားတယ် အဲ့အခန်းက
နံပါတ်ပြားကြိုးနေလို့ပိတ်ထားတာကြာပြီ "

" ကဲ ကြည့် "

" အဲ့အခန်းသော့ ကျွန်တော်တို့ပေးပါလား
ရှာစရာလေးရှိလို့ "

" ဟုတ်ကဲ့ ဒီမှာ "

ဇေရဲ ကနားမလည်စွာ​မေးလေသည်။ ပြီးနောက်
ဘာမှသိမှာမဟုတ်ဘူးပုံစံနှင့်ဆိုလေသည်။ သဇင်
က ကြွေရုပ်လွှာ ကိုသာကြည့်ရင်းသူမဘာလုပ်
ရမှန်းမသိဖြစ်နေသည်။ အတိတ်ကကိစ္စတွေသိဖို့
ဒီနေရာပြန်လာတယ်တဲ့လား။ သူ့လုပ်ရပ်တွေက
အကယ်၍ပေါ်လာခဲ့ရင်ရောသူမကိုအားလုံးရှေ့
အရှက်ရစေတာသူမသိဘူးလား။ တကယ်ပေါ်
လာပြီပဲထား။ သမီးလေးကိုသူပြန်လုယူသွားမှာ
သူမဘာလုပ်ရမလဲ။

ကျွန်တော်တို့အဲ့ဒီ့အခန်းကိုပြန်ဝင်လာခဲ့မိပြီး
တော့အိပ်ယာခင်းတွေဆွဲလှန်၍ရှာနေမိသည်
မဟုတ်ပါလား။ ခေါင်းအုံးကြားကထွက်လာတဲ့
အသဲပုံလော့ကတ်အကျိုးလေးကိုကျွန်တော်
ဆွဲထုတ်လိုက်မိသည်။

ရင်ထဲနစ်ဝင်သောဆူး (Completed) OCDonde viven las historias. Descúbrelo ahora