ရင်ထဲနစ်ဝင်သောဆူး
အခန်း { ၇ }
ကြွေရုပ်လွှာ အိမ်ပြန်ရောက်သည်နှင့်လွယ်အိတ်
ကိုချကာမေမေ့နားထိုင်လိုက်လေသည်။ မေမေ
ကအထုတ်ပြင်နေရင်းသူမကိုမော့ကြည့်လာသည်။
မေမေဖုန်းဆက်ခေါ်လို့သာသူမပြန်လာရတာပါလေ။
ဖေဖေကအပြင်ကပြန်လာသလိုအိမ်ထဲဝင်လာ
သည်။ သူမမေမေ့လက်ကိုဆုပ်ကိုင်လိုက်မိရင်း
မေမေတို့ကိုကြည့်လိုက်သည်။" မေမေ "
" သမီး မေမေတို့သမီးကိုမှာစရာရှိလို့ခေါ်
လိုက်တာ "" ဟုတ် မေမေတို့သမီးကိုစိတ်ချပါ "
" မေမေတို့လဲမသွားမဖြစ်လို့ပါ သမီးရယ်
သမီးလဲသိတဲ့အတိုင်းပဲ သမီးဒေါ်လေးမှာ
ဒီအစ်ကိုမိသားစုပဲရှိတာမလားနယ်မှာသူ့
မိတ်ဆွေအပေါင်းအသင်းကလဲခပ်ရှားရှား
ဆိုတော့မေမေတို့လဲသမီးဒေါ်လေးနေ
ကောင်းတာနဲ့အမြန်ဆုံးပြန်လာခဲ့မယ် "" စိတ်ချပါ မေမေရယ် ဒေါ်လေးကိုသာနေအမြန်ကောင်းအောင်ပြုစုပေးလိုက်သမီးကိုစိတ်ချနော် "
" အေးပါ သမီးရယ် "
" သွားရအောင် သမီးအဖေတို့သွားမယ်နော် "
" ဟုတ် ဖေဖေ "
နယ်မှာဒေါ်လေးနေမကောင်းလို့မေမေတို့ပြန်
သွား
တော့အိမ်မှာသူမတစ်ယောက်တည်းဖြစ်သွား
သည်။
ညကျတော့ညနေစာစားပြီးမေမေတို့နှင့်ဖုန်းပြော
ဖြစ်သည်။ မေမေတို့ကညနေကားနှင့်ထွက်သွား
သည်မို့မိုးချုပ်မှရောက်သည်။ သူမဖုန်းပြောပြီး
တော့စာကျတ်ရင်းအိပ်လိုက်မိလေသည်။ နောက်
နေ့မနက်ကျတော့ သဇင် ကသူမရေးကြီးသုတ်ပြာ
ပြန်သွား၍လိုက်လာခဲ့သည်။" သဇင် လာထိုင် "
" ဟဲ့ နင်မနေ့ကအစောကြီးပြန်သွားတယ်
ဆိုလို့နေများမကောင်းလို့လားလို့ "" ငါကနေကောင်းပါတယ် "
" ဒါဆိုဘယ်သူနေမကောင်းလို့လဲ "
" ငါ့ဒေါ်လေးလေ နယ်မှာသူတစ်ယောက်ထဲ
အပျိုကြီးကလဲဖြစ်ဇီဇာကလဲကြောင်တော့အပေါင်းအသင်းကရှားအခုနေမကောင်း
တော့ပြုစုပေးမယ့်သူမရှိဘူးဘေးအိမ်က
ကလေးမလေးမိသားစုကတော့ပြုစုပေးပါ
တယ်ဒါပေမယ့်အားနာစရာကောင်းတယ်
လေအဲ့တော့ဖေဖေနဲ့မေမေနယ်ပြန်သွားတာ
အဲ့ဒါနဲ့ငါလည်းဒီနေ့တစ်ယောက်ထဲအိမ်မှာ
လုပ်စရာအိမ်အလုပ်တွေလုပ်ရင်းကျောင်း
မလာဖြစ်တော့ဘူး "

YOU ARE READING
ရင်ထဲနစ်ဝင်သောဆူး (Completed) OC
Romanceတစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီးထဲသိပ်ချစ်ကြတဲ့စုံတွဲလေး တစ်စုံတစ်ယောက်ကအထင်လွဲအောင်ဖန်တီးပြီးသူတို့နှစ်ဦးကိုခွဲပစ်လိုက်သောရာ အချိန်တွေကြာမှပြန်ပြီးတွေ့ဆုံကြတဲ့အခါ အချစ်နဲ့အိမ်ထောင်ရေးကြား ဘယ်လိုရင်ဆိုင်မလဲ Zawgyi တစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီး...