ရင်ထဲနစ်ဝင်သောဆူး
အခန်း { ၂၅ }
" ဥက္ကာ ကဘာအနှောင်အဖွဲ့မှမရှိဘူးသူ့ရဲ့
နောင်တ
တွေအတွက်ပြင်ဆင်လို့ရတယ် "
" ဒါပေမယ့် ဒေါက်တာ "
" ညီမ ကလေးအတွက်စဥ်းစားသင့်တယ်
ဘယ်လို
ပဲဖြစ်ဖြစ်သူကကလေးရဲ့အဖေပဲ အဲ့အမှန်တရား
ကိုပြောင်းလဲလို့မရဘူး "
ကျွန်မမျက်နှာလွှဲလိုက်မိသည်။ သူကပြောနေ
ရင်းနှင့်ကျွန်မဘက်ကိုကြည့်နေတာလေ။ကျွန်မ
သိတာပေါ့။ ကျွန်မကိုပြောနေမှန်းအဲ့ဒါကြောင့်
မသိချင်ယောင်ဆောင်လိုက်မိတာပါ။ ကျွန်မ
ထ
ရပ်လိုက်မိရင်းနှင့်လှည့်ထွက်ရန်ပြင်လိုက်
မိသည်။
သူကနောက်ကလာရပ်ရင်း ...။
" ကြွေရုပ် "
" မကြွေရုပ်လွှာ ရွယ်ရွယ် ကိုစောင့်ရှောက်ပေး
တဲ့အတွက်ရောကူပြောပေးတဲ့အတွက်ကျေးဇူး
တင်ပါတယ် "
" ရပါတယ် "
" ညီမလက်ခံလိုက်ပါ့မယ် ... ဒါပေမယ့် ညီမ
ကလေးကိုတော့ ဒေါက်တာပဲမွေးပေးပါနော် "
" စိတ်ချပါ ဒါအစ်မတာဝန်ပဲ "
ဆေးရုံအပြင်ထွက်လာရင်းသူ ဥက္ကာ နှင့် ရွယ်ရွယ်
တို့အတွက်စီစဥ်စရာရှိတာလိုက်စီစဥ်ပေးရန်ကား
တံခါးဖွင့်လိုက်ရင်း ရွယ်ရွယ် အနောက်ကနေခေါ်လိုက်တာကြောင့်သူလှည့်ကြည့်လိုက်သည်။
" ဒေါက်တာသက္ကရာဇ် ... ကျေးဇူးတင်ပါတယ် "
" မလိုပါဘူး ဥက္ကာ ကအစ်ကိုညီလိုပါပဲ "
" ဒေါက်တာကြွေရုပ်လွှာ ကိုညီမဘာကြောင့်
ဆွဲထားလိုက်ရတာလဲသိလား ... ဒေါက်တာပြောတဲ့သူကအစ်ကိုဆိုတာညီမတို့သိနေလို့ ညီမလို့အစ်ကို့ကိုပြန်ကူညီပါ့မယ် "
" ကျေးဇူးတင်ပါတယ် ရွယ်ရွယ် "
ကျွန်မထိုင်နေတဲ့နေရာမှာပြန်ထိုင်ချလိုက်မိပြီး
လက်ဖြင့်မျက်နှာကိုအုပ်ရင်းဆံပင်တွေကိုထိုး
ဖွလိုက်မိသည်။ သူအားလုံးသိနေလောက်ပြီလို့
ထင်သည်။ သူ့ဘာလို့ဘာမှမပြောတာလဲ။ ကျွန်မ
ရုံးခန်းဆီပြန်လှည့်လိုက်ရင်းအမည်မသိသော
ခံစားချက်နှင့်မျက်ရည်များပြည့်နက်လာပြန်
တယ်လက်ဖြင့်မျက်တောင်ထိပ်ကမျက်ရည်
စက်တို့ကိုသိမ်းလိုက်မိသည်။
BẠN ĐANG ĐỌC
ရင်ထဲနစ်ဝင်သောဆူး (Completed) OC
Lãng mạnတစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီးထဲသိပ်ချစ်ကြတဲ့စုံတွဲလေး တစ်စုံတစ်ယောက်ကအထင်လွဲအောင်ဖန်တီးပြီးသူတို့နှစ်ဦးကိုခွဲပစ်လိုက်သောရာ အချိန်တွေကြာမှပြန်ပြီးတွေ့ဆုံကြတဲ့အခါ အချစ်နဲ့အိမ်ထောင်ရေးကြား ဘယ်လိုရင်ဆိုင်မလဲ Zawgyi တစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီး...
