Part 22 Uni/Zawgyi

360 5 0
                                        

ရင်ထဲနစ်ဝင်သောဆူး

   အခန်း { ၂၂ }

" သမီး "

" မေမေ "

" ဆရာမဘယ်လိုဖြစ်တာ "

" သမီးရဲ့သူငယ်ချင်းကပြောတယ်သူ့ကိုသူ့ရဲ့
ဖေဖေကအမြဲကျောင်းလိုက်ပို့နေကျကျောင်း
ပိတ်ရင်လဲသူတို့မိသားစုခရီးတွေထွက်နေ
ကျတဲ့ "

" အဲ့တော့ "

" သမီးမှာဖေဖေမရှိဘူးအဲ့ဒါကြောင့်မေမေ
ကပဲလိုက်ပို့တာတဲ့ အဲ့ဒါကိုသမီးကသမီးမှာ
လဲဖေဖေရှိတယ်သမီးဖေဖေကအဝေးကြီး
မှာသမီးဖို့မုန့်ဖိုးတွေရှာနေတာလို့ပြန်ပြော
လိုက်တာ "

" ဟင် "

သူ​ဘေးမှာရပ်နေတာကြောင့်သူမနှုတ်ဆိတ်နေမိ
ရင်းသမီးကိုသာဆူမိသည်။ သူမဆူတော့သမီး
ကမျက်နှာလေးမဲ့ရင်းငိုတော့မလိုလုပ်နေသည်။
သူကသမီးကိုဝင်ဆွဲလိုက်လေသည်။ သူ့ရှေ့မှာ
မှဒီလိုဖြစ်ရသည်လို့။ သူမရူးချင်ပါသည်။

" အဲ့ဒါသူကမေမေကသမီးကိုညာနေတာတဲ့
သမီးကအဖေမရှိဘူးတဲ့အဲ့ဒါကြောင့်သမီးက
ပေတံနဲ့ကောက်ပေါက်လိုက်တာ "

" သမီးရယ် မေမေဘာမှာထားလဲရန်မဖြစ်ရဘူး
လို့မှာထားတယ်လေ "

" မေမေကလည်း သူကသမီးမှာဖေဖေမရှိဘူး
လို့ပြောတာ သမီးမှာဖေဖေရှိတယ်လေ "

" ..............  "

ဆရာမကပြောပြီးထွက်သွားတော့သူရယ်
ကျွန်မရယ်သမီးရယ်သာကျန်ခဲ့သည်။ သမီး
ကိုဆူပြီးဟန့်တားနေခဲ့ပေမယ့်မရတာမို့စိတ်
ညစ်ရသည်။ သူ့ကိုမော့ကြည့်မိရင်းသမီးကို
ပိတ်ပြီးအော်ငေါက်လိုက်မိတော့ကလေးက
ငိုမဲ့မဲ့လေးနှင့်သူ့အနားပြေးကပ်သည်။

" မေမေပဲသမီးဖေဖေကအဝေးကြီးမှာဆို
သမီးတို့ဆီလာလို့မရဘူးဆို "

" သမီး တော်တော့ "

" ကြွေရုပ် ရယ်ကလေးကိုမအော်ပါနဲ့ကလေး
ဆိုတာစိတ်ဒဏ်ရာရသွားတက်တယ် ... လာ မီးမီး ဦးဦး တို့မုန့်သွားမယ် "

" အို ကျွန်မသမီးကိုပေး "

" ကြွေရုပ် "

" ပေးလို့ "

ရင်ထဲနစ်ဝင်သောဆူး (Completed) OCWo Geschichten leben. Entdecke jetzt