Part 24 Uni/Zawgyi

235 4 0
                                    

ရင်ထဲနစ်ဝင်သောဆူး

    အခန်း { ၂၄ }

" သမီး "

" ကြွေရုပ် "

" တီတီ ရီမွန် "

" ဒေါက်တာ "

ကျွန်တော် ကြွေရုပ် တို့သားအမိနဲ့ မိုးသောက်
ဆိုတဲ့လူထွက်သွားတာတွေ့လိုက်၍သူတို့ကား
နောက်လိုက်ခဲ့ရင်း ရီမွန် ကားကိုတွေ့လိုက်၍
Juction City ထဲဝင်ခဲ့လိုက်မိရင်း ကြွေရုပ် နှင့်
ရီမွန် ကိုအတူတွေ့လိုက်မိ၍အနားသို့လျှောက်
ခဲ့လိုက်မိသည်။

" ကြွေရုပ် "

" ဟင် "

" ရီမွန် "

" သက္ကရာဇ် နင်တို့သိနေကြတာလား "

သူမသမီးနောက်ကိုလိုက်လာခဲ့ရင်းသူနှင့်တွေ့
လိုက်ရ၍မျက်မှောင်ကုတ်ကာ ကိုမိုးသောက် က
ပါအနောက်ကပါလာတော့သမီးက ကိုမိုးသောက်
ဆီကိုပြန်ပြေးသွားပြီး ဒေါက်တာရီမွန် ကိုပါတွေ့
လိုက်၍သူမမျက်လုံးပြူးသွားရသည်။ သမီးက
ဒေါက်တာရီမွန် ဆီကိုပြေးသွားလေတော့သူမတို့
လေးယောက်သားတစ်ယောက်မျက်နှာ
တစ်ယောက်
ကြည့်လိုက်မိရင်းကလေးကပါသူတို့ကိုမော့
ကြည့်
နေလေသည်။

" ကြွေရုပ် မတွေ့တာကြာပြီ နေကောင်းလား "

" ငါမေးရမှာ နင်နဲ့ ကြွေရုပ် က ...  ငါပြောဖူးတယ်လေ "

" သမီး လာ "

" ဒါ ကြွေရုပ် ရဲ့အမျိုးသားလား "

" မဟုတ် ... "

" မဟုတ်ဘူး "

ကျွန်မပြောမလို့ပဲရှိသေးသည် ကျွန်မတောင်
မပြောလိုက်ရဘဲသူကဝင်ဖြေလိုက်တာမို့သူ့ကို
ကြည့်ရင်းဘာမှမပြောမိတော့ပါ။ လေးဦး
သား
ကော်ဖီဆိုင်တစ်ဆိုင်မှာထိုင်နေမိကြရင်းသူမက
သူ့ကိုသာမျက်နှာလွှဲထားလေသည်။ သူကတော့
သူမကိုမျက်တောင်မခတ်ကြည့်မြဲကြည့်နေသည်။

" မီးမီး နေကောင်းလား "

" တီတီ ရီမွန် ကိုလွမ်းနေတာ "

" တီတီ ကလဲလွမ်းတာပေါ့ "

" ​ရီမွန် "

" ကြွေရုပ် သမီးလေး မေဝတ်လွှာ ကိုငါမွေး
ပေးခဲ့တာလေ "

ရင်ထဲနစ်ဝင်သောဆူး (Completed) OCWhere stories live. Discover now