ရင်ထဲနစ်ဝင်သောဆူး
အခန်း { ၂၈ }
သူမထပ်ပြီးမငြင်းနိုင်တော့ငြင်းဖို့လည်းခွန်အားမရှိ
တော့။ သူ့ဆီမှာလော့ကတ်နောက်တခြမ်းနှင့်အတူ
ဆွဲကြိုးပါရှိနေပြီ။ သူအိမ်လာတုန်းကတွေ့သွားတာ
ဖြစ်လိမ့်မည်သမီးအတွက်ပူပင်နေတာနှင့်သူယူ
ခဲ့တာသူမသတိမထားမိ။ မငြင်းသင့်တော့ဘူးဟူ၍
လည်းသူမထင်သည်။ ဒါမှပဲသူ့မိဘတွေရှေ့ ကဗျာ ကို
သူမရဲဝံ့စွာရင်ဆိုင်ရဲမှာသူ့ကိုပြောပြလိုက်မိသည်။
" ရှင်တို့လက်ထပ်တဲ့နေ့ကျွန်မအမေရိကားကို
ထွက်သွားခဲ့တာ "
" ဘာလို့ထွက်သွားခဲ့တာလဲ သမီး ဘာလို့ပဲဖြစ်
ဖြစ်ပြောပြသင့်တာပေါ့ "
" သမီးဟိုတစ်ခါပြောဖူးပါတယ် အန်တီ "
" ရီမွန် "
" ကြွေရုပ် ရဲ့မာနပေါ့ ပြီးတော့သူ့ကလေးကို
အဖေဘက်ကယူသွားရင်မိထွေးလက်ထဲရောက်
မှာစိုးလို့ပေါ့ "
" ဒါဆို သမီးပြောပြတဲ့ကလေးမက ကြွေရုပ်
လား "
သူက ဒေါက်တာရီမွန် ဘက်သို့ပြန်လည့်ကြည့်
သွားသည်။ သူ့အမေနှင့်အဖေကသူမကိုမေးလာ
တော့ ဒေါက်တာရီမွန် ကဆက်ပြောသည်။ သူမ
မျက်ရည်တွေသုတ်လိုက်မိပြီးသမီးကိုသွားခေါ်
မလို့လုပ်လိုက်သည်။
" ဟုတ်တယ် အန်တီ သမီးလဲ ဟိုတစ်လော
ကလေးယောက်အတူဆုံတော့မှသိခဲ့တာ "
" ဒါပေမယ့် "
" ပြောသင့်တာပြောပြီးပြီ ကြွေရုပ် ရဲ့သမီးကို
တော့ဒီမှာမထားဘူး "
" သမီး ကြွေရုပ် "
" နင်ဘာပဲပြောပြော အခုချိန်မှာငါက ကိုကို့
ဇနီး ပဲလူတွေလဲဒီလိုပဲသိတာ ပြောင်းလဲသွား
မှာမဟုတ်ဘူး "
" ကျွန်မဘက်ကလဲ ပြောင်းလဲဖို့စိတ်ကူးမရှိ
ပါဘူး ရှင့်ဘက်ကကျွန်မကိုစော်ကားတာလွန်
လာလို့ပြောသင့်တာပြောလိုက်ရုံပဲဒီမိသားစု
နဲ့ပတ်သက်ပြီးလဲကျွန်မစိတ်မဝင်စားဘူး "
" သမီး ကြွေရုပ် ဖြစ်ခဲ့သမျှအတွက်အန်ကယ်
ကပဲတောင်းပန်ပါတယ် "
VOCÊ ESTÁ LENDO
ရင်ထဲနစ်ဝင်သောဆူး (Completed) OC
Romanceတစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီးထဲသိပ်ချစ်ကြတဲ့စုံတွဲလေး တစ်စုံတစ်ယောက်ကအထင်လွဲအောင်ဖန်တီးပြီးသူတို့နှစ်ဦးကိုခွဲပစ်လိုက်သောရာ အချိန်တွေကြာမှပြန်ပြီးတွေ့ဆုံကြတဲ့အခါ အချစ်နဲ့အိမ်ထောင်ရေးကြား ဘယ်လိုရင်ဆိုင်မလဲ Zawgyi တစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီး...
