ရင်ထဲနစ်ဝင်သောဆူး
အခန်း { ၃ }
ကျွန်မအတန်းထဲဝင်တော့မလို့လုပ်သော်သူက
ရှေ့ကရောက်လာပြီးရပ်လိုက်သည်။ ကျွန်မဘာလို့
ဒီလောက်ရင်တွေခုန်နေရတာလဲ။ ကျွန်မမျက်
နှာ
လေးရဲကာရှက်ရှက်ဖြင့်သူ့ကိုမကြည့်ဘဲခေါင်း
ကိုသာငုံ့ထားမိသည်။ ကျွန်မရင်ခုန်တတ်နေပြီ
လား။ ကျွန်မစာကိုသာအာရုံစိုက်သင့်တာပါလေ။
" ကြွေရုပ် ဘယ်သွားမလို့လဲ "
" ငါ ... ငါအတန်းထဲဝင်တော့မယ်နော် "
" ဟဲ့ ကြွေရုပ် "
သဇင် လှမ်းခေါ်ပေမယ့်သူမက မကြားချင်ယောင်
ဆောင်သွားသည်။ ကျွန်တော်မျက်မှောင်ကုတ်
၍ သဇင် တို့ကိုအကဲခတ်လိုက်မိသည်။ သူမက
တစ်ချက်တောင်ဂရုမစိုက်ဘဲပြန်လှည့်မကြည့်
တော့ပါလေ။ ကျွန်တော့်ကိုစိတ်ဆိုးနေတာလား။
ကျွန်တော်သူမစိတ်ဆိုးအောင်တစ်ခုခုလုပ်ခဲ့မိလား။ စဥ်းစားနေမိရင်း မျက်နှာကအလိုမကျသည့်
ကလေးတစ်ယောက်လိုလုပ်နေရင်းဆိုလိုက်မိသည်။
" ကြွေရုပ် ကဘာဖြစ်သွားတာလဲ ငါရောက်လာ
လို့လား "
" ဟုတ်တယ် ငါသူ့ကိုနင်ကသူ့ကိုချစ်နေတယ်
ဆိုတဲ့အကြောင်းပြောထားလို့ရှောင်သွားတာ "
" ဟာ နင်ကလည်း ကြွေရုပ် ငါ့ကိုစိတ်ဆိုးသွား
တော့မှာပဲ "
" ဟဲ့ ပြောလဲပြောပေးရသေးတယ် နင်ကငါ့ကိုကျေးဇူးတောင်တင်ရဦးမှာမဟုတ်ဘူးလား "
ကျွန်တော်ခေါင်းကုတ်ရင်းပြုံးဖြီးဖြီးနှင့်ဆိုလိုက်
မိသည်။ ဟုတ်သားပဲလေ။ သဇင် ပြောပြလိုက်
လို့ကျွန်တော်သူမကိုချစ်နေတယ်ဆိုတာသူမသိ
သွားပြီပဲကျေးဇူးတင်သင့်တာလေ။ ကျွန်တော်
ရှေ့ဆက်တိုးဖို့ပဲရှိတော့တာမလား။ သူမစိတ်ဆိုး
သွားလားတော့မသိဘူး။ ကျွန်တော်စိုးရိမ်မိသည်။
ကျွန်တော်သူမကိုချစ်နေတယ်ဆိုတာပြောလိုက်
လို့သူငယ်ချင်းအဖြစ်ကနေပါဝေးသွားမှာကျွန်တော်
ကြောက်သည်။
" အင်း ဟုတ်သားပဲ ကျေးဇူးတင်တယ် ငါနင့်ကို
မုန့်လိုက်ကျွေးမယ် "
" တကယ်နော် "
" အင်း လာသွားရအောင် "
နေ့လည် သဇင် တို့ကိုမုန့်လိုက်ကျွေးပြီးတော့
ဆရာ
မလာခင်ကျွန်တော်အေခန်းထဲကိုဝင်လာခဲ့မိသည်။
သူမစားပွဲဘေးမှာရပ်လိုက်တော့သူမကမော့ကြည့်
လာရင်းထရပ်ပြီးမျက်နှာလေးကိုလွှဲထားသည်။
ကျွန်တော်ဘယ်ကစပြောရမလဲအရှိန်ယူစဥ်းစား
နေမိရင်းအရဲစွန့်မေးလိုက်မိသည်။
BẠN ĐANG ĐỌC
ရင်ထဲနစ်ဝင်သောဆူး (Completed) OC
Lãng mạnတစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီးထဲသိပ်ချစ်ကြတဲ့စုံတွဲလေး တစ်စုံတစ်ယောက်ကအထင်လွဲအောင်ဖန်တီးပြီးသူတို့နှစ်ဦးကိုခွဲပစ်လိုက်သောရာ အချိန်တွေကြာမှပြန်ပြီးတွေ့ဆုံကြတဲ့အခါ အချစ်နဲ့အိမ်ထောင်ရေးကြား ဘယ်လိုရင်ဆိုင်မလဲ Zawgyi တစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီး...
