ရင်ထဲနစ်ဝင်သောဆူး
အခန်း { ၂၀ }
" ဟင် "
ကျွန်တော် ကြွေရုပ် ဆီလာခဲ့လိုက်ရင်းသူမ
ရုံးခန်းရဲ့တံခါးဝမှာခြေလှမ်းများရပ်တန့်သွား
မိသည်မဟုတ်ပါလား။ ကြွေရုပ် ... ကြွေရုပ် က
အခုထိအိမ်ထောင်မကျသေးဘူးလား။ ဒါဆိုရင်
သမီးလေး မေဝတ်လွှာ ဘယ်သူ့သမီးလဲ ...။
ကျွန်တော်ရုံးခန်းထဲမဝင်ဘဲပြန်လှည့်ခဲ့လိုက်မိ
သည်မဟုတ်ပါလား။ ဇေရဲ ခေါ်နေတာကိုလှည့်
မကြည့်မိဘဲဆေးရုံအပြင်သို့ထွက်လာခဲ့မိသည်။
" သက္ကရာဇ် "
ကျစ် .........
" ဟာ ဟေ့ရောင် ဘယ်သွားမလို့လဲ "
သူအပြင်ထွက်လာလိုက်မိရင်း ဇေရဲ ခေါ်သံ
ကိုမကြားတာကြောင့် ဇေရဲ အနောက်ကလိုက်
ခဲ့သည်။ ဇေရဲ ကသူ့ပုခုံးကိုပုတ်လိုက်တော့မှ
သူလှည့်ကြည့်လိုက်မိရင်း ဇေရဲ အမေးကိုသူ
ခေါင်းခါလိုက်မိသည်။
" သက္ကရာဇ် ဟေ့ရောင် "
" ဟင် "
" မင်း ငါခေါ်နေတာဘာစဥ်းစားနေတာလဲ "
" ဘာမှမဟုတ်ပါဘူးကွာ ... ဇေရဲ "
သူ ဇေရဲ ကိုမေးကြည့်ရင်ကောင်းမလားတွေဝေ
စဥ်းစားနေခဲ့မိသည်။ သမီးလေး မေဝတ်လွှာ ရဲ့
အဖေကဘယ်သူလဲသူသိချင်စိတ်ပိုပြီးပြင်းပြ
လာ
သည်။ သူမလွန်ခဲ့သည်လေးနှစ်ကဘာတွေဖြစ်ခဲ့
လဲ။ သူမထွက်သွားခဲ့တာလေးနှစ်ပါ။ သမီးလေး
မေဝတ်လွှာ အသက်ကသုံးနှစ်။ ဒါဆိုရင် သူမ
ဒီမှာ
ကတည်းကကိုယ်ဝန်ပါသွားခဲ့တာပေါ့။ သမီးလေး
အဖေကဘယ်သူလဲ။ သူမပြောပုံအရဆိုရင်သူမ
အိမ်ထောင်မပြုရသေးဘူး။
" ကြွေရုပ် သမီးလေး မေဝတ်လွှာ ရဲ့အဖေက
ဘယ်သူလဲ "
" ဟမ် "
" ဖြေပါကွာ မင်းသိတယ်မလား "
" အဲ့ဒါတော့ငါမသိဘူးကွ ငါသိသလောက်
ပြောပြမယ် ... လွန်ခဲ့တဲ့လေးနှစ်က ကြွေရုပ်
နိုင်ငံခြားထွက်သွားတာမင်းသိပါတယ် "
" အင်း ငါသိပါတယ် "
" သူမဆက်သွယ်တဲ့သူက သဇင် နဲ့သူမမိဘတွေ
ကိုပဲ "
ESTÁS LEYENDO
ရင်ထဲနစ်ဝင်သောဆူး (Completed) OC
Romanceတစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီးထဲသိပ်ချစ်ကြတဲ့စုံတွဲလေး တစ်စုံတစ်ယောက်ကအထင်လွဲအောင်ဖန်တီးပြီးသူတို့နှစ်ဦးကိုခွဲပစ်လိုက်သောရာ အချိန်တွေကြာမှပြန်ပြီးတွေ့ဆုံကြတဲ့အခါ အချစ်နဲ့အိမ်ထောင်ရေးကြား ဘယ်လိုရင်ဆိုင်မလဲ Zawgyi တစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီး...
