ရင်ထဲနစ်ဝင်သောဆူး
အပိုင်း { ၈ }
ကျွန်မကော်ဖီဆိုင်မှာထိုင်နေရာကထထွက်လာ
ခဲ့သည်အသံတွေတုန်ရီပြီးလူကအားမရှိသည့်
ပမာမျက်ဝန်းထက်စီးကျချင်နေတဲ့မျက်ရည်စ
တွေကိုမကျအောင်မျက်တောင်ဖြင့်ပုတ်ခက်ရင်း
နဲ့လက်ဖမိုးနဲ့ပွတ်သုတ်လိုက်မိသည်။ မှတ်တိုင်မှာ
ကားမစောင့်တော့ပဲသူ့ကိုတွေ့ပြီးသူ့ဆီကစကား
ကိုကြားချင်မိ၍ Taxi ကိုသာတားစီးပြီးကျောင်း
ကိုဘာမှမဖြစ်သလိုလာမိသည်။" ကြွေရုပ် "
" မောင် "
" ကြွေရုပ် နေမကောင်းလို့လား "
" မောင် ကျွန်မကိုတစ်ခုခုပြောပြစရာကျန်
သေးလား "သူမအမေးကိုသူမဖြေမိလက်ထပ်ဖို့ကိစ္စကိုသာ
ပြောလိုက်မိသည်။ သူမကမျက်ရည်တွေနှင့်သူ့
ကိုကြည့်လာသည်။ သူ သူမမျက်ရည်တွေကိုသုတ်
ပေးလိုက်မိရင်းသူမ၏ပုခုံးနှစ်ဖက်ကိုကိုင်ထား
မိသည်။ သူမမေးချင်တာဘာအကြောင်းဆိုတာ
သူသိပါသည်။ သဇင် ကသူမဆီကို ကဗျာ ဖုန်း
ဆက်သည့်အကြောင်းသူ့ကိုပြောပြီးပါပြီ။ သို့
သော်
သူ့အချစ်ကိုသူယုံကြည်သည်။ သူမအပေါ်မှာသူ
ဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ဘူး။" ကိုယ် ကြွေရုပ် ကိုလက်ထပ်ခွင့်တောင်းမလို့ "
" ကျွန်မ သိချင်တာ "
" ကဗျာ အကြောင်းမလား "
" အင်း "
" ဟုတ်တယ် ကိုယ့်မှာလူကြီးတွေသဘောတူ
ထားတဲ့သူရှိတယ် သူ့နာမည်က ကဗျာ ကိုယ်နဲ့
ငယ်ငယ်ထဲကအတူကြီးပြင်းလာကြတာ "" ဟင် "
ကြွေရုပ်လွှာ သူ့မျက်နှာကိုမော့ကြည့်လိုက်မိသည်။
ထိုမိန်းကလေးပြောတာအားလုံးကအမှန်တွေပေါ့။
သူ သူမကိုဖုံးကွယ်ထားရက်သည်။ ဒါကဘယ်
လိုသဘောလဲ။ သူမကိုဘာကြောင့်မပြောပြခဲ့တာ
လဲသူမသိချင်မိသည်။" ဒါပေမယ့် ကိုယ်သူ့ကိုရင်မခုန်ဘူးချစ်လည်း
မချစ်ဘူး ကိုယ်ချစ်တာ ကြွေရုပ် တစ်ယောက်
တည်း ကြွေရုပ် ကိုပဲကိုယ်လက်ထပ်မှာ "

YOU ARE READING
ရင်ထဲနစ်ဝင်သောဆူး (Completed) OC
Romanceတစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီးထဲသိပ်ချစ်ကြတဲ့စုံတွဲလေး တစ်စုံတစ်ယောက်ကအထင်လွဲအောင်ဖန်တီးပြီးသူတို့နှစ်ဦးကိုခွဲပစ်လိုက်သောရာ အချိန်တွေကြာမှပြန်ပြီးတွေ့ဆုံကြတဲ့အခါ အချစ်နဲ့အိမ်ထောင်ရေးကြား ဘယ်လိုရင်ဆိုင်မလဲ Zawgyi တစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီး...