Part 11 Uni/Zawgyi

1.6K 41 0
                                        

ရင်ထဲနစ်ဝင်သောဆူး

      အခန်း { ၁၁ }

ကျွန်မဆံပင်တွေကိုသပ်တင်လိုက်ရင်းမျက်လုံး
ဖွင့်ကြည့်လိုက်မိသည်။ ခေါင်းကတဆစ်ဆစ်ကိုက်
နေတုန်းမို့လက်ဖြင့်နှိပ်ရင်းမော့ကြည့်လိုက်မိသည်။ ဟင် သူပါလား။ ငါ ငါဘယ်လိုဖြစ်ပြီးသူ့ရင်ခွင်ထဲ
ရောက်နေတာလဲ။ ကျွန်မဘေးမှာရှိသည့်အင်္ကျီတွေ
ကိုကောက်ယူ၍ရေချိုးခန်းထဲဝင်ပြီးအင်္ကျီတွေပြန်ဝတ်လိုက်မိရင်းနှုတ်ခမ်းကိုဖိကိုက်လိုက်မိသည်။
ပြီးတော့အပြင်ပြန်ထွက်ပြီးအခန်းနံပါတ်ကိုကြည့်
ရင်းသက်ပြင်းရှိုက်လိုက်မိသည်။

" အစ်မ ဒီမှာအခန်းသော့ညီမသူငယ်ချင်းတွေ
နိုးရင်ညီမပြန်သွားပြီပြော​ပေးပါနော် "

📆 📆 📆

သူမတို့ပြန်သွားပြီးထိုနေ့ကစ၍သူမအပြင်ကို
မထွက်မိချေ။ မေမေတို့ပြန်ရောက်လာခဲ့တော့
သဇင် ကပြန်သွားကာ တခါတလေမှပဲရောက်
လာတတ်သည်။ ဒီအတောအတွင်း သူမဘယ်
သူနှင့်မှမတွေ့ဖြစ်ချေ။

" ကြွေရုပ် နင်ငါ့ကိုအမှန်အတိုင်းပြောနင်တစ်ခုခု
ဖြစ်နေတာမလား "

" သဇင် ငါ ငါဘာပြောရမှာလဲ "

" နင်ငါ့ကိုဖုံးကွယ်ထားတာရှိနေတယ်မလား "

" ငါ "

သဇင် ကိုပြောပြရင်ကောင်းမလားသူမတွေဝေစွာ
စဥ်းစားနေမိရင်း သဇင် ကိုကြည့်လိုက်မိသည်။
သူမသက်ပြင်းချလိုက်မိရင်း။ သူမပြောဖို့သတ္တိ
မရှိဘူးမေမေတို့သိသွားရင်ရော။ သူမအကြိမ်ကြိမ်
ပြန်တွေးမိသည်။ သူ့ကိုပို၍တော့မုန်းလာမိသည်။
သူမဘာလုပ်သင့်လဲ။ အဝေးကိုထွက်သွားချင်တာ
ပဲသူမသိသည်။

" ဟုတ်တယ် ဟိုနေ့ကငါအရင်ပြန်နှင့်လိုက်တာ
သူနဲ့မျက်နှာချင်းမဆိုင်ချင်လို့နောက်တစ်ခုက "

သဇင် ကသူမကိုမေးခွန်းပါသည့်မျက်ဝန်းဖြင့်ကြည့်
လေသည်။ သူမကြမ်းပြင်ကိုသာငေးစိုက်ကြည့်နေ
ရင်းပြောလိုက်မိသည်။

" အဲ့နေ့ကငါသူနဲ့အတူရှိခဲ့မိတယ် အခုငါ့မှာ
ကိုယ်ဝန်ရှိနေပြီ "

ရင်ထဲနစ်ဝင်သောဆူး (Completed) OCOpowieści tętniące życiem. Odkryj je teraz