Part 17 Uni/Zawgyi

1.6K 35 0
                                        

ရင်ထဲနစ်ဝင်သောဆူး

    အခန်း { ၁၇ }

ကြွေရုပ်လွှာ ကလေးကိုကောက်ချီထွက်လာခဲ့တော့
သူအနောက်ကပြေးလိုက်လာသည်။ ခြေလှမ်းတွေကို
ခပ်သွက်သွက်လျှောက်နေပေမယ့်ယောကျ်ားသား
တစ်ယောက်ရဲ့ခြေလှမ်းနှင့်တော့ယှဥ်နိုင်မတဲ့လား။

" ကြွေရုပ် ခဏနေဦး ကြွေရုပ် "

သက္ကရာဇ် ကလေးချီထားသောသူမလက်မောင်း
ကိုလှမ်းဆွဲလိုက်ရင်းဆိုလိုက်သည်။

" ကိုယ်လိုက်ပို့ပေးမယ် "

" ရတယ် မလိုပါဘူး "

" ကြွေရုပ် "

ကျွန်မသူ့ရဲ့လက်ကိုဖြုတ်ချခဲ့ပြီးတော့ဆက်
လျှောက်လာခဲ့လိုက်သည်။ သဇင် တို့ရဲ့အိမ်နဲ့
ဟိုက်ဝေးလမ်းမကြီးကဝေးတာမို့သူအနောက်
မှာပဲကျန်ခဲ့သည်။ ကျွန်မ Taxi ငှားရန်သမီးကို
လက်ဆွဲရင်း Taxi တစ်စီးပြီးတစ်စီးတားနေ
မိရင်းလူတစ်ချို့ကကျွန်မဆီလှမ်းလာနေ၍
အနောက်ဆုတ်လိုက်မိရင်းဖြင့်ထိုလူတွေက
အရှေ့သို့လှမ်းလာနေသည်။

" ဘယ်သွားမလို့လဲညီမလေး "

" ရှင်တို့ဖယ်နော် ကျွန်မရှေ့က "

" အကိုတို့လိုက်ပို့ပေးမယ်လေကွာ "

" ရှင်တို့ရှေ့မတိုးနဲ့နော် "

​ကြွေရုပ်လွှာ ပြန်ပြောမိရင်းခြေလှမ်းတွေအနောက်
ကိုသာဆုတ်မိသည်။

" ရှင်တို့ဘယ်သူတွေလဲ ဖယ်နော် "

သူတို့ကပြောတာမမှုပေဘဲမူးရူးနေပြီးရှေ့ကိုတိုးလာ
ရင်းသူမလက်ကိုလှမ်းဆွဲလာသည်။ သူမရုန်းနေသော်
လည်းမရ။ ဒီအချိန်မှာသမီးလေးတစ်ဖက်နှင့်ဘယ်လို
သူမရင်ဆိုင်ရပါမည်လိမ့်။ သူမမာနကြောင့်သာသူ့ကို
နှင်လွှတ်ခဲ့တာတကယ်တမ်းကျတော့မသိစိတ်ကသူ့
ဆီရောက်မိသည်။

" ကြွေရုပ် "

" ဟင် "

သက္ကရာဇ် ထိုလူတွေဆွဲထားသောသူမရဲ့လက်ကို
ကြားမှဖြတ်ကိုင်၍တားလိုက်သည်။ ထို့နောက်
သူမလက်ကိုဆွဲဖြုတ်ပြီးသူ့အနောက်သို့ပို့လိုက်
လေသည်။

ရင်ထဲနစ်ဝင်သောဆူး (Completed) OCOnde histórias criam vida. Descubra agora