Part 15 Uni/Zawgyi

1.6K 35 0
                                    

ရင်ထဲနစ်ဝင်သောဆူး

      အခန်း { ၁၅ }

ကျွန်မကားပေါ်မှာထိုင်ရင်းအတွေးပေါင်းများစွာ
မျောလွင့်နေမိသည်။ သူသာသိသွားလျှင်ကျွန်မ
သမီးကိုကျွန်မဆီမှဆွဲထုတ်သွားမှာကိုကြောက်
မိသည်။ ကျွန်မကားမှန်အပြင်ဘက်ကိုငေးနေမိရင်း
သမီးကပေါင်ပေါ်မအိပ်ပျော်နေလေပြီ။ အိမ်ပြန်
ရောက်ခါနီးမှနိုးသွားပြီးကားပေါ်ကဆင်းသည်
နှင့်ခြံထဲအပြေးဝင်သွားကာဆော့နေသည်။ ကျွန်မ
သမီးကိုရပ်ကြည့်ရင်းမှအိမ်ထဲဝင်မလို့လုပ်တော့
ကိုမိုးသောက် ကခေါ်လိုက်၍လှည့်ကြည့်လိုက်
မိလေသည်။

" ကြွေရုပ် သမီးရော "

" ခြံထဲမှာကစားနေတယ် "

" ကြွေရုပ် ကိုယ်မေးစရာရှိတယ် "

" ကိုမိုးသောက် မေးချင်တာကျွန်မသိပါတယ် "

ကားမောင်းရင်း ကိုမိုးသောက် ကလှည့်ကြည့်လှည့်
ကြည့်နေသည်မို့အိမ်ပြန်ရောက်တော့သူမပြောလိုက်
မိသည်။ ကိုမိုးသောက် ကသူမကိုအမေရိကားမှာ
တုန်းကဒီလောက်ကူညီထားတာသူမပြောပြသင့်သည်
မဟုတ်လား။

" ဟုတ်တယ် ကိုမိုးသောက် သူကသမီးလေးရဲ့
အဖေပဲ "

" သူ ကိုမိုးသောက် ကိုအထင်လွဲသွားတာကျွန်မတောင်းပန်ပါတယ် "

" ရပါတယ် ... ဒါဆို ကိုယ်ပြန်တော့မယ် "

" ဟုတ်ကဲ့ "

ကိုမိုးသောက် ကနှုတ်ဆက်ပြီးပြန်သွားလေသည်။
သူမသမီးလေးကိုငေးကြည့်ရင်းသက်ပြင်းရှိုက်
ကာအိမ်ပေါ်တက်ခဲ့သည်။ မေမေကသူမကိုဆီးကြို
သည်။ နောက်တစ်နေ့ကျတော့သူမဂျူတီဝင်
ရမှာ
မို့သမီးကိုမူကြိုမှကြို၍အိမ်ပြန်ပို့ပေးပြီးမှပြင်
ဆင်
ကာထွက်လာခဲ့လိုက်သည်။

" ဒေါက်တာ ဒီနေ့ညဂျူတီထင်တယ် "

" ဟုတ်တယ် ညီမပြန်တော့မလို့လား "

" ဟုတ် ဒါဆိုနောက်နေ့မှတွေ့မယ်နော် "

ကျွန်မနက်စ်မလေးကိုနှုတ်ဆက်လိုက်ပြီးရုံးခန်း
ထဲဝင်ခဲ့သည်။ ည { ၉ } နာရီထိုးတော့လူနာတွေ
လိုက်ကြည့်ရင်း Corridar မှာလမ်းလျှောက်နေ
မိရင်းကျွန်မနာရီတစ်ချက်ကြည့်ပြီးရုံးခန်းထဲဝင်
ခဲ့သည်။

ရင်ထဲနစ်ဝင်သောဆူး (Completed) OCWhere stories live. Discover now