Part 6 Uni/Zawgyi

1.7K 41 0
                                        

ရင်ထဲနစ်ဝင်သောဆူး

       အခန်း { ၆ }

🎶 မင်းရဲ့မျက်ဝန်းထဲမှာမျက်ရည်စများနဲ့
မင်းရဲ့မျက်ဝန်ထဲမှာမျက်ရည်စများနဲ့ ...မင်း
ကငါ့အချစ်ဆုံးပါပဲဘယ်သူ့မှငါ့အနားမရှိနိုင်
ဘူး တို့ဝေးသွားလည်း ချစ်ရေ Looking To
My Eye နှုတ်မဆက်ချင်ဘူး 🎶

" ဟဲလို "

" သား ညနေစောစောပြန်လာနော် ဒီမှာမင်းဒယ်ဒီ
က ကဗျာ မိဘတွေကိုထမင်းစားဖိတ်ထားတယ် "

" ဟာဗျာ "

" ထပ်မပြောနဲ့ မိဘကပြန်လာဆိုလာလိုက်ပေါ့
ဒါပဲ "

ကျစ် .........

သူဖုန်းကိုစားပွဲပေါ်ပစ်တင်လိုက်သည်။ ထို့နောက်
ထိုင်ခုံနောက်ကျောကိုမှီလျက်သူမပုခုံးကိုဖက်ထား
ရင်းတခြားကိုပြန်ငေးနေမိသည်။ သဇင် ကသူ့
ကိုမေးလိုက်တော့ သူဆိုလိုက်မိသည်။ သူမက
ထိုအခါ သူမကဘုမသိဘမသိမျက်နှာလေးဖြင့်
သူ့ဘက်လှည့်ကြည့်ရင်းမေးလာသည်။

" ဟဲ့ နင့်မျက်နှာကြီးကဘာဖြစ်နေတာလဲ "

" ဘာဖြစ်ရမှာလဲ ထုံးစံအတိုင်းပေါ့ "

" မောင် ဘာဖြစ်လို့လဲဟင် "

" ဘာမှမဖြစ်ပါဘူး ကြွေရုပ် ရယ် "

ကျွန်မတို့ကြားခဏတာတိတ်ဆိတ်သွားခဲ့သည်။
သူကကျွန်မကိုငေးနေမှန်းကိုသိတာပေါ့။ ကျွန်မ
အအေးခွက်ကိုမော့သောက်လိုက်ရင်းစာအုပ်ကို
ပြန်အာရုံစိုက်မိလေသည်။

" ဒါဆို ကျွန်မအတန်းတက်နှင့်တော့မယ်နော် "

ကြွေရုပ်လွှာ အတန်းထဲထဝင်သွားကာ သူငေး
ကြည့်နေမိသည်။ ညနေကျတော့သူစောပြန်ခဲ့ရ
သည်။  သူကျောပိုးအိတ်ကိုပုခုံးမှာချိတ်၍အိမ်
ထဲဝင်လာခဲ့သည်။ မာမီကသောက်ရေခွက်ယူလာ
ပေးရင်းသူသောက်လိုက်ပြီးအပေါ်ထပ်တက်ခဲ့
လေသည်။

" မာမီ "

" သား ပြန်လာပြီလား "

" ဟုတ် "

" သွား ရေသွားချိုးလိုက်ဦး ခဏနေ ကဗျာ တို့
လာတော့မှာ "

" သားရေချိုးလိုက်ဦးမယ် "

ရင်ထဲနစ်ဝင်သောဆူး (Completed) OCDonde viven las historias. Descúbrelo ahora