Part 2 Uni/Zawgyi

2.3K 56 0
                                        

ရင်ထဲနစ်ဝင်သောဆူး

     အခန်း { ၂ }

နောက်တစ်နေ့သူမကိုတွေ့တော့ကျွန်တော်လျှောက်
လာခဲ့မိကာသူမနားရပ်ပြီးဆိုလိုက်မိသည်။ သူမ
ကအရင်နေ့ကလိုမဟုတ်ဘဲပြုံးပြုံးရွှင်ရွှင်စကား
ပြန်ပြောရှာသည်။ ကျွန်တော်သူမဘေးမှဝင်ထိုင်
လျက်စကားစဆိုလိုက်သည်။ သူမနှင့်ရင်းနီးမှု
ရဖို့သူတဖြည်းဖြည်းကြိုးစားရမည်။ သူမကိုစွဲလမ်း
မိမှတော့အဆင့်တက်နိုင်ဖို့ကျွန်တော်ကြိုးစားရမှာ
ပဲလေ။ ကျွန်တော်သူမကိုငေးနေမိရင်း သူမ၏
တည်ငြိမ်မှုကိုသဘောကျမိသည်။

" ကြွေရုပ် ထိုင်မယ်နော် "

" ဟုတ် "

" ကြွေရုပ် ဘာလို့ဒီမှာတစ်ယောက်တည်းထိုင်ပြီးစာကျက်နေတာလဲ ကြွေရုပ် သူငယ်ချင်းတွေက
ရော "

" သူတို့နဲ့ကျွန်မကဝါသနာမတူဘူးလေကျွန်မကအေးဆေးတစ်ယောက်ထဲထိုင်ရတာကြိုက်တယ် "

ကျွန်တော်သူမနှင့်သူငယ်ချင်ဖြစ်ဖို့တောင်းဆို
လိုက်ပေမယ့်သူမငြင်းလိုက်မှာစိတ်ထဲကကြောက်
နေမိသည်။ သို့သော် သူမကခေါင်းညိတ်
သည်။
သူပြုံးလိုက်မိလေသည်။ နေ့လည်ထမင်းစားချိန်
သူမနှင့်စကားထိုင်ပြောနေမိရင်းသူ​မေးလိုက်မိသည်။
သူမပြောပြသမျှကိုသူမ မသိအောင်စာအုပ်ထဲ
ရေးမှတ်ထားမိလေသည်။ သူမလှည့်ကြည့်လာ
တော့သူစာအုပ်ကိုဖွက်လိုက်မိသည်။

" ကိုယ် ကြွေရုပ် နဲ့သူငယ်ချင်းဖြစ်လို့ရလား "

" ရပါတယ် "

" ဒါဆို ကိုယ်တို့သူငယ်ချင်းတွေဖြစ်သွားပြီနော် "

" ကိုယ့်ကို ကြွေရုပ် အကြောင်းပြောပြပါလား ဥပမာ ကြွေရုပ် ဘာတွေကြိုက်လဲဘာတွေဝါသနာပါတာလဲ "

ကျွန်မသူမေးလာတော့မျက်ခုံးလေးပင့်လိုက်မိ
သည်။ သူမလာတော့ ကျွန်မဘာပြောရမှာလဲ။
ကျွန်မကစိတ်ကူးထက်လက်တွေ့ကို ပိုသဘော
ကျသူမို့စိတ်ကူးယဥ်ပြီး မပြောပြတတ်ပါလေ။
သူမေးလာတော့မှကျွန်မအကြောင်းကိုကျွန်မပြန်
စဥ်းစားမိသည်။ သူမေးလာတော့ပြောပြရတာ
ပေါ့လေ။

ရင်ထဲနစ်ဝင်သောဆူး (Completed) OCOnde histórias criam vida. Descubra agora