Part 4 Uni/Zawgyi

1.7K 43 0
                                        

ရင်ထဲနစ်ဝင်သောဆူး

     အခန်း { ၄ }

ကျွန်မ​ကျောင်းမှာအတန်းမတက်ခင်သူ့ကိုရှာနေမိသည်။ ခါတိုင်းဆိုသူအမြဲအတန်းပြင်မှာကျွန်မကို
စောင့်ရင်စောင့်မစောင့်ရင်ကျွန်မရှိတဲ့ဆီလိုက်ရှာ
နေကြ။ အခုတော့အတန်းဆင်းချိန်လဲသူ့ကိုမတွေ့၍
လိုက်ရှာနေမိသည်။ သူဘာလို့ကျောင်းမလာတာလဲကျွန်မဘာလို့သူ့ကိုစိတ်ပူနေမိပါလိမ့်ကျွန်မအရင်
ကဆိုစာကိုသာအာရုံထားခဲ့မိသည်။ အခုတော့
စာကျက်ရင်းအာရုံမရဖြစ်နေမိသည်။

" ဟဲ့ ကြွေရုပ် "

" သဇင် "

" နင်ဘာလို့ဒီမှာတစ်ယောက်ထဲထိုင်နေတာလဲ သက္ကရာဇ် ရော "

" မသိဘူးလေ မနက်ထဲကရှာမတွေ့တာ "

" အမယ် နင်ကသူ့ကိုလိုက်ရှာနေတယ်ပေါ့ "

" ဟဲ့ နိုနို နင်ဘာတွေပြောနေတာလဲ "

ကျွန်မလက်ထဲစာအုပ်နှင့်ကောက်ပြီးထုရိုက်မိတော့
သဇင် ကဝင်တားသည်။ ဟုတ်ပါရဲ့။ ကျွန်မသူ့ကို
ရှာနေခဲ့မိတာပဲ။ သူဒီနေ့ကျောင်းမတက်ဘူးလား။
နေများမကောင်းလို့လား။ ကျွန်မသူ့ကိုစိတ်ပူနေ
မိတာပဲ။

" မဟုတ်လို့လား "

" ကဲပါ နိုနို ရယ် ကြွေရုပ် ကိုစမနေနဲ့တော့ "

" အေးပါ ငါကတမင်​သူပျော်အောင်လို့စပေးတာ "

" တော်ပြီဟာ "

" နင်သူ့ကိုစိတ်ပူနေတာမလား "

" ငါပြန်တော့မယ်ဟာ "

🎶 မင်းရဲ့မျက်ဝန်းထဲမှာမျက်ရည်စများနဲ့
မင်းရဲ့မျက်ဝန်ထဲမှာမျက်ရည်စများနဲ့ ...မင်း
ကငါ့အချစ်ဆုံးပါပဲဘယ်သူ့မှငါ့အနားမရှိနိုင်
ဘူး တို့ဝေးသွားလည်း ချစ်ရေ Looking To
My Eye နှုတ်မဆက်ချင်ဘူး 🎶

ကျွန်တော်ရေချိုးခန်းကထွက်လာရင်းစာကြည့်
စားပွဲပေါ်တင်ထားတဲ့ဖုန်းသံကြောင့် ကြွေရုပ် ထင်
ပြီးပခုံးထက်ကသဘက်ကိုကုတင်​ပေါ်ပစ်တင်၍
ဖုန်းကိုအမြန်ကိုင်လိုက်မိရင်းကတဖက်ကအသံ
ကြောင့်စိတ်ပျက်စွာကုတင်ခြေရင်း၌ထိုင်ချလိုက်မိသည်။

ရင်ထဲနစ်ဝင်သောဆူး (Completed) OCWhere stories live. Discover now