ရင်ထဲနစ်ဝင်သောဆူး
အခန်း { ၂၆ }
မေမေကမသိသလိုမေးလိုက်ရင်းဒယ်ဒီကသူ့ရဲ့
လက်ထဲကသတင်းစာကိုစားပွဲပေါ်ပစ်တင်လိုက်
ရင်းဒေါသထွက်နေသည်။ ကဗျာ မျက်နှာအတော်
ပျက်နေသည်။ ကျွန်တော်သတင်းစာကိုကောက်
ယူ၍ကြည့်လိုက်မိလေသည်။" ဘယ်လိုဖြစ်တာလဲ မင်းပြော "
" ဒယ်ဒီ ကျွန်တော် "
" သား ဘာဖြစ်တာလဲ "
" ကျွန်တော် ကြွေရုပ် ဆီအခုသွားမှရမယ် ... ခွင့်ပြုပါဦး "
ကျွန်တော်သတင်းစာကိုပြန်ချပြီးထထွက်လာ
လျှင်ဒယ်ဒီနှင်မာမီကလှမ်းအော်ကျန်ခဲ့လေသည်။
ကဗျာ ကရှေ့ကပိတ်ရပ်လိုက်၍ကျွန်တော်ဂရုမစိုက်
ဘဲထွက်လာခဲ့သည်။ ကဗျာ ကတက်ခေါက်၍ကျန်
ခဲ့သည်။ သူမရောဒီသတင်းကိုဖတ်ပြီးလောက်
ရောပေါ့။" သက္ကရာဇ် "
" ဟဲ့ သား "
" ကိုကို "
တောက်စ် .........
ကျွန်မဒီနေ့အလုပ်မဆင်းဘဲနေမိရင်းဧည့်ခန်း
စတီမှာစာထိုင်ဖတ်နေမိရာကအရှေ့ကတံခါး
သံကြောင့်ထွက်ကြည့်လိုက်မိရာကသူကဝင်
လာသည်မို့ပြန်လွှတ်နေမိသည်။" ရှင်ဘာလာလုပ်တာလဲ "
" ကြွေရုပ် "
" ရှင်ပြန်တော့ "
" ဟင့်အင်း "
" ရှင်ပြန်ပါတော့ "
သက္ကရာဇ် သူမပါးလေးနှစ်ဖက်ကိုသူကိုင်ထား
ရင်းသူမမျက်ရည်တွေကိုသုတ်ပေးမိသည်။ သူမ
ကမျက်နှာကိုရှောင်လွှဲသွားလေသည်။ ဒီနေ့တော့
သူသိချင်တဲ့အဖြေသိရမှဖြစ်မည်။" တော်ပါတော့ ဘယ်လောက်ထိလိုက်ပြီး
ဒုက္ခပေးနေမှာလဲ ရှင်ပေးတဲ့ဒဏ်ရာတွေလဲ
ကျွန်မသေနေပါပြီ ရှင်လွှတ်ပေးလိုက်ပါ
တော့ "" ဟင့်အင်း မသွားဘူး "
" ကျွန်မသိက္ခာတွေလဲရစရာမရှိတော့ပါဘူး
ဒီလောက်ထိသတ်ရရင်ကျေနပ်ပါတော့ "" ကြွေရုပ် မောင်က မောင်ကအဲ့လောက်ထိ
ဆိုးနေပြီလား ကြွေရုပ် တို့ကိုဒုက္ခပေးနေတဲ့
လူဆိုးကြီးတစ်ယောက်လိုဖြစ်နေပြီလား "

YOU ARE READING
ရင်ထဲနစ်ဝင်သောဆူး (Completed) OC
Romanceတစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီးထဲသိပ်ချစ်ကြတဲ့စုံတွဲလေး တစ်စုံတစ်ယောက်ကအထင်လွဲအောင်ဖန်တီးပြီးသူတို့နှစ်ဦးကိုခွဲပစ်လိုက်သောရာ အချိန်တွေကြာမှပြန်ပြီးတွေ့ဆုံကြတဲ့အခါ အချစ်နဲ့အိမ်ထောင်ရေးကြား ဘယ်လိုရင်ဆိုင်မလဲ Zawgyi တစ်ချိန်တုန်းက ဆေးကျောင်းတော်ကြီး...