"Princess သမီးလေး နောက်ကျနေပြီ အိပ်ဖို့လုပ်တော့လေကွာ"
"No အိပ်ချင်ဝူး ဟွန်း'
"သမီးအဲ့လိုဆိုးနေရင် ပါးပါး က သမီး ဒယ်ဒီ နဲ့ သွားတိုင်မှာနော် Princess"
"ပါး ပုံကြောကြ"
သုံးနှစ်ကျော်ကျော်ပဲရှိသေးတဲ့ သမီးငယ်က သူလုပ်ပေးထာတဲ့ အကျင့်အရ အိပ်ခါနီးတိုင်း ပုံပြင်တစ်ပုဒ်မပြောပြရင် မအိပ်တော့ပါဘူး။ နောက်ဆုံးတော့လည်း သူကပဲ အလျှော့ပေးရတော့တာပေါ့။
"ကဲ ပြောပါအုံး ပါးပါး သမီးလေးက ဘာပုံပြင်နားထောင်မှာလဲ"
"Two Princes"
လက်ညှိုးလေး နှစ်ချောင်းထောင်ပြီး ပြောလာတဲ့ သမီး က အခုတလော အဲ့ဒီ ပုံပြင်ကို အတော်လေးသဘောကျနေပုံရပါတယ်။
"ကဲ ပါးပါး ပြောပြမယ်နော်"
"ဟိုးရှေးရှေးတုန်းက မင်းသားလေးနှစ်ပါး ရှိသတဲ့"
"သူတို့နှစ်ယောက်က မိုးနတ်မင်း ကတောင် ကောင်းချီးပေးပြီး လောကတစ်ခွင် ဘယ်သူမှ လိုက်မမှီ နိုင်တဲ့ အချစ်မျိုးနဲ့ ချစ်ကြတယ်တဲ့....."
"သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်လွန်းလို့ကျတဲ့ မျက်ရည်တွေက သမုဒ္ဒရာ လေးစင်းထက်တောင် များနိုင်ပြီးတော့ သူတို့ အချစ်ရဲ့ ထုထည်က မြင်းမိုရ်တောင်ကြီးထက်တောင် ကြီးသတဲ့...."
ပုံပြင် မဆုံးခင်မှာပဲ သမီးလေးဆီကနေ အသက်ရှူသံခပ်ပြင်းပြင်းလေးထွက်လာပြီး အိပ်ပျော်သွားပါပြီ။
သူလည်း သမီးလေး ရဲ့ နဖူးကိုတစ်ချက်ငုံ့နမ်းလိုက်ပြီး
"အိပ်မက်လှလှ မက်ပါစေ
ပါးပါး မင်းသမီးလေး"..... .....
သူ အခန်းထဲပြန်ရောက်တော့ ချစ်ရတဲ့ အသည်းအသက်က အ၀တ်အစားလဲလှယ်ပြီးလို့ အိပ်ရာပေါ်တောင်ရောက်နေပြီ။
သူလည်း အိပ်ရာပေါ်တက်လှဲလိုက်ပြီး ချစ်ရတဲ့ လူသားကို နောက်ကျောဘက်ကနေ ထွေးပွေ့ထားလိုက်တယ်။
"ဘေဘီ သမီးလေး အိပ်ပြီလား'
"အင်း ရစ်နေလို့ အခုမှ အိပ်သွားတယ်"
YOU ARE READING
"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)
Romanceဟိုးရှေးရှေးတုန်းက သိကြားမင်းဆင်းဖြတ်တောင် မပြတ်နိုင်တဲ့ ချစ်သူနှစ်ယောက်ရှိသတဲ့။