Chapter (25)

254 21 0
                                    

ဒေါက် ဒေါက် ဒေါက်!

"ညား မပြီးသေးဘူးလားကွ
ဒီထက်နောက်ကျရင် နေအရမ်းပူလာလိမ့်မယ်နော်"

မေးသာမေးနေရတယ်။ အထဲကတော့ ဘာစကားမေးမှ ပြန်ရမလာဘူး။ အချိန်က အများကြီးတော့ မရပေမယ့် ပြည်ကို ရောက်တုန်းရောက်ခိုက် ရွှေဆံတော်ဘုရားနဲ့ န၀ဒေး တံတား ကို တော့သွားကြမယ်ဆိုပြီး မောင်မင်းကြီးသားလေးက အ၀တ်အစားလဲတာ အခုထိ မပြီးနိုင်သေးဘူး။

မနက်အစောပိုင်းတုန်းကလည်း အိပ်ယာထနောက်ကျသွားတာနဲ့ ဟိုဟိုဒီဒီ ဝေ့ နေတာနဲ့ကို အခုတကယ်သွားဖို့လုပ်တော့ နေ့ခင်းပိုင်းကို ရောက်နေပြီ။

"လာပါပြီဗျ
ဟိုဟာ ပုဆိုးက မဝတ်တာကြာတော့ နည်းနည်း၀တ်ရခက်နေလို့ ကြာသွားတာ အဟဲ
ကျွန်တော်ဘယ်လိုနေလဲ အဆင်ပြေရဲ့လား "

အခန်းထဲကထွက်လာတဲ့ ဗညားငယ်က ကြွေရောင်တောက်နေတဲ့ လည်ကတုံး ရှပ်အဖြူတစ်ထည်ကို အနက်ခံမှာ အနီရောင် ကွက်စိပ်လေးတချို့ပါတဲ့ ကချင်ပုဆိုးတစ်ထည်နဲ့ တွဲဖက်ပြီး ၀တ်ဆင်ထားတယ်။
ပုံမှန်အချိန်တွေမှာ ဂုတ်သားပေါ်ကို ဝေ့ဝဲကျနေတဲ့ ငွေရောင်ဆံပင်တွေကို ဂျယ်လ် သုံးပြီး အပြောင်သိမ်းလို့ သပ်တင်ထားတယ်။  6 ပေကျော်တဲ့ အရပ်အမောင်းနဲ့ ဒီအမျိုးသားငယ်ရဲ့အသွင်အပြင်ဟာ အလွန်အမင်းမှကို တင့်တယ်လှတယ်။

"အင်း အဆင်ပြေတယ်
မင်း အရမ်းကြည့်လို့ကောင်းတယ် "

"ဟာ အခုမှ ကြည့်မိတယ်
အသက် နဲ့ ကျွန်တော် က couple ၀တ်ထားမိတာပဲ"

ဗညားငယ်ရဲ့ စကားကြောင့် သက်တိုင်လည်း ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်မိတော့မှ လည်ကတုံး အဖြူလက်ရှည်ကို မီးခိအနက်ရောင်အခံမှာ မီးခိုးရောင်ကွက်စိပ်လေးတွေပါတဲ့ပုဆိုးနဲ့ တွဲ၀တ်ထားတာကို သတိရမိတော့တယ်။

"အင်း ဟုတ်သားပဲ
ကိုယ် တောင်အခုမှ သတိထားမိတယ်"

အဲ့ဒီစကားကို ပြောလိုက်တဲ့ မြတ်ဘုန်းသက်တိုင်ရဲ့ မျက်နှာမှာ ကျေနပ်ရိပ်တချို့ ယှက်သန်းသွားတာကိုတော့ ကာယကံရှင်ကသာ သိလိုက်မယ်ထင်ပါတယ်။

"အဆင်သင့်ဖြစ်ရင်ကိုယ်တို့သွားကြမယ်လေ
အိမ်အပြန်နောက်ကျနေမှာလည်း စိုးရသေးတယ်"

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Tempat cerita menjadi hidup. Temukan sekarang