ဗညားငယ် တစ်ယောက် ရဲစခန်းရောက်ပြီးကတည်းက အိမ်မှာပဲ ငြိမ်ငြိမ်လေးဖြစ်တော့တယ်။ အလုပ်ကလည်း အိမ်မှာပဲ လုပ်လို့ရတဲ့ freelance ဖြစ်နေလေတော့ အပြင်ထွက်စရာ မလိုပြန်ဘူးပေါ့လေ။ အပြင်ထွက်ပြန်တော့မှ နောက်တခါ ထပ်ပြီး ရန်ဖြစ်နေပြန်ရင် သူ့အသက် က တကယ်ကြီး စိတ်ဆိုးတော့မယ် မဟုတ်လား။
ဒါပေမဲ့ ဒီနေတော့ အသက်ကို သူက တစ်လှည့်ပြန်ပြီး နည်းနည်းလေး စိတ်ကောက်ချင်မိလို့ စကားသိပ်မပြောမိဘူး။အဲ့ဒါကလည်း အကြောင်းရင်းရှိနေပါတယ်။
..... .....ဒီနေ့ ဗညားငယ် ဆိုတဲ့ ကလေးက ဘာဖြစ်နေမှန်း သက်တိုင်မသိဘူး။ မနက်ကတည်းက သူ့ကို စကားလည်းဟဟ မပြောသလို မနက်စာစားပြန်တော့လည်း မျက်နှာ မသာမယာဖြစ်နေလို့ မမ ကတောင် မေးနေသေးတယ်။
"အငယ်လေး ဘာဖြစ်နေတာလဲတဲ့"
သက်တိုင်လည်း မသိပါဘူး အဲ့ဒီကလေး ဘာဖြစ်နေလဲ ဆိုတာ။ အခုလည်း မနက်စာစားပြီးကတည်းက ခြံထဲဆင်းသွားလိုက်တာ ပြန်ကို တက်မလာသေးဘူး။ သက်တိုင် ကတော့ အခုအခန်းထဲမှာပဲ စာထိုင်ဖတ်နေပါတယ်။ စာအုပ်ထဲကို စိတ်နှစ်ပြီးဖတ်နေတုန်း ဖုန်းတစ်လုံးမြည်လာတဲ့ အသံကိုကြားလိုက်ရတယ်။ ဖုန်းသံအရတော့ သူ့ဖုန်းမဟုတ်ဘူး။ လိုက်ရှာကြည့်လိုက်တော့ ဗညားငယ်ရဲ့ ဖုန်းကမြည်နေတာဖြစ်နေတယ်။ ဖုန်းခေါ်တဲ့သူရဲ့ နာမည်ကို ကြည့်လိုက်တော့ မားမား တဲ့။ အဲ့ဒါနဲ့ သူလည်းမြန်မြန်ဆန်ဆန် ပဲ ကိုင်လိုက်တော့
"ဟဲလို"
"မားမား ရဲ့ မင်းသားလေး Happy Birthday"
*ဟမ် Happy Birthday ဆိုပါလား*
"အန်တီ ကျွန်တော် မြတ်ဘုန်းသက်တိုင်ပါ
ညား က အောက်ခဏ ဆင်းသွားလို့""ဟယ် ဆောရီး ပါ သားကြီး ရယ်
မား က သားငယ်လေး ထင်နေလို့""ဟိုဟာလေ အန်တီ ဒီနေ့က ညား ရဲ့မွေးနေ့လား"
"ဟုတ်တယ်လေ သားကြီးရဲ့ သားကြီး ကမသိဘူးလား"
"ဟုတ် ဟုတ်ကဲ့ အန်တီ ကျွန်တော်...."
"ဪ ဘာမှ မဖြစ်ပါဘူးသားကြီးရယ်
အခုသိသိချင်းပဲ birthday wish လုပ်လိုက်လေနော် မား ဖုန်းချလိုက်မယ်"
YOU ARE READING
"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)
Romanceဟိုးရှေးရှေးတုန်းက သိကြားမင်းဆင်းဖြတ်တောင် မပြတ်နိုင်တဲ့ ချစ်သူနှစ်ယောက်ရှိသတဲ့။