Chapter (35) -Final

339 23 2
                                    

"Baby , ဘုန်း ကိုခေါ်ပြီးမြန်မြန်လာတော့လေ
နောက်ကျနေတော့မယ်"

ဒီနေ့ကတော့ သမီးလေး မြဘုန်းငယ် ရဲ့ လေးနှစ်ပြည့် မွေးနေ့ဖြစ်တယ်။ အဲ့ဒါကြောင့် မှော်ဘီ ဘက်မှာရှိတဲ့ မိဘမဲ့ဂေဟာ လေးတစ်ခုမှာ အလှူသွားလုပ်ဖို့ စီစဉ်ထားကြတယ်။
မနက်ပိုင်း အလှူလေးပြီးရင်တော့ ညနေဘက်ကို မွေးနေ့ party လိုပွဲ‌အသေးစားလေးတစ်ခုကို ခြံထဲမှာပဲ လုပ်ဖို့စဉ်းစားထားတယ်။

"လာပါပီ ဒယ်ဒီ ရဲ့
ဘာတွေလောနေတာရဲ"

မွေးနေ့ ဆိုပေမယ့် သမီးလေး ကို ထွေထွေထူးထူး ၀တ်စားပြင်ဆင်ပေးတာမျိုး မလုပ်ထားဘူး။ သမီးလေး ကို ၀တ်ပေးနေကျ ချည်သား၀မ်းဆက်လေး တစ်စုံကိုပဲ ၀တ်ပေးထားတယ်။
သူတို့အခုသွားမယ့်နေရာက ‌မိဘမဲ့ဂေဟာ ဖြစ်တဲ့အတွက် အလွန်အကြူး တောက်တောက်ပြောင်ပြောင် ၀တ်စားပြင်ဆင်သွားတာမျိုးက သိပ်အဓိပ္ပာယ်မရှိဘူးလို့ ထင်တယ်။

ထူးထူးခြားခြား အနေနဲ့ကတော့ သမီးလေး ရဲ့ ပါးပါး လက်စွမ်းပြထားတဲ့ ယုန်ရုပ်ပုံ သနပ်ခါးပါးကွက် နှစ်ခုကတော့ သမီးလေး ရဲ့ ပါးနှစ်ဖက်မှာ ခပ်ထင်းထင်း နေရာယူထားတယ်။

သက်တိုင်လည်း သမီးလေးကို မြှောက်ချီပြီးတော့ သနပ်ခါးနံ့သင်းနေတဲ့ ပါးပြင်ဖောင်းဖောင်းလေးကို ရွှတ်ခနဲမြည်အောင် နမ်းမွှေးလိုက်တယ်။

"Happy Birthday ပါ ဒယ်ဒီ့ သမီးလေး"

"Thank you ဒယ်ဒီ ခစ်..... ခစ်"

သမီးလေး ကို နမ်းတာ မြင်တော့ သက်တိုင် ဘေးက ကလေးကြီးကလည်း ခါးကိုလှမ်းဖက်ရင်း

"အသက် ဘက်မလိုက်နဲ့နော်
ကျွန်တော့် ကိုလည်း အာဘွား ပေး"

အဲ့ဒါနဲ့ သူ့အမျိုးသား လေးရဲ့ ပါးပြင်ဖွေးဖွေးကိုပါ တစ်ဆက်တည်းနမ်းမွှေးလိုက်တော့မှ ကိုယ်တော်လေးက ကျေနပ်တော်မူတယ်။

သမီး‌လေး ကတော့ သူ့အဖေနှစ်ယောက် ကိုကြည့်ပြီး တခစ်ခစ် နဲ့ ရယ်လို့ပေါ့။

..... .....

"မေတ္တာအေးရိပ် ရင်ခွင်မဲ့ဂေဟာ
မှော်ဘီမြို့နယ်"

ကား၀င်၀င်ချင်းမှာ တွေ့လိုက်ရတဲ့ ဆိုင်းဘုတ်လေး နဲ့ အပင်ကြီးတချို့ အုံ့ဆိုင်းနေပြီး အရိပ်အာဝါသ ကောင်းလွန်းလှတဲ့ ကျောင်း၀န်းက မြင်ရသူတိုင်းကို စိတ်ချမ်းမြေ့စရာ ခံစားချက်မျိုး ပေးစွမ်းနိုင်ပြီးတော့ ပေးထားတဲ့ နာမည်လေးနဲ့ လိုက်ဖက်လှတယ်။

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Waar verhalen tot leven komen. Ontdek het nu