Chapter (16)

263 25 0
                                    

"ဝါး"

သက်တိုင်တစ်ယောက် တစ်ချက်သမ်းဝေလိုက်ရင်းနဲ့ အိပ်ရာထက်ကနေ ဖြည်းဖြည်းချင်းထထိုင်လိုက်တယ်။ ရုံးပိတ်ရက်ဖြစ်လို့ နောက်ကျတဲ့အထိ စိတ်တိုင်းကျအိပ်လိုက်လို့ရပေမဲ့ အကျင့်ပါနေတဲ့ မျက်လုံးကတော့ ခွင့်မပြုဘူး။
သူ့ဘေးကိုကြည့်လိုက်မိတဲ့အခါမှာတော့ စောင်အထူကြီးတစ်ထည်နဲ့ လုံးထွေးရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကောင်လေးတစ်ယောက်။

မနက်မိုးလင်းတိုင်း သူ့ဘေးမှာအိပ်ပျော်နေမဲ့ တစ်စုံတစ်ယောက်ကို အရင်က စိတ်ကူးမယဉ်ကြည့်ခဲ့ဖူးတာ မဟုတ်ပေမဲ့ စိတ်ကူးထဲက လူဟာ ဘယ်တုံးကမှ အမျိုးသားတစ်ယောက်မဟုတ်ခဲ့တာကိုတော့၀န်ခံရပါလိမ့်မယ်။ အခုတော့လည်း အမျိုးသမီးငယ်လေး တစ်ယောက်အစား ချစ်စရာကောင်းတဲ့ အမျိုးသားလေးတစ်ယောက်က သူ့ဘေးနားမှာ အိပ်စက်နေခဲ့တာပါပဲ။ လောကကြီးက ထင်မထားတာတွေတကယ် ဖြစ်လာတတ်တာပဲ။

မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး သက်တိုင်တစ်ယောက် အောက်ထပ်ကို ဆင်းလာခဲ့လိုက်တယ်။ အောက်ထပ်ရောက်တော့

"ဟာ မမ ပိတ်ရက်စောစောစီးစီး ဘယ်သွားမလို့လဲ
အံမယ် ပြီးတော့ ပုံစံတွေဘာတွေပြောင်းလို့..."

သက်တိုင် အပြောကြောင့် မမ က သူ့ကိုယ်သူ မလုံမလဲပြန်ကြည့်တယ်။ ခါတိုင်း၀တ်နေကျ မြန်မာ၀မ်းဆက်တွေနဲ့မဟုတ်ဘဲ အဖြူရောင်ဂါ၀န် ရှည်ဝဲဝဲလေးနဲ့ မမ က ရှိရင်းစွဲအသက်ထက်အတော်လေး နုပျိုလို့နေပါတယ်။

"မ.... မပြောင်းပါဘူး သားငယ်ရဲ့
မမ သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ သွား... သွားလိုက်အုံးမယ်"

မမ ကပြောပြောဆိုဆိုနဲ့ အပြင်ကို အပြေးအလွှားထွက်သွားတော့တယ်။

"အင်း အပျိုကြီးတော့ မရိုးဘူး"

... ...

"Morning အသက်"

မနက်စာစားပြီးလို့ သက်တိုင် ဧည့်ခန်းထဲမှာထိုင်ရင်း စာအုပ်တစ်အုပ်ကိုဖတ်နေတုန်း ဗညားငယ် ကအပေါ်ထပ်ကနေဆင်းလာတယ်။ Vest တစ်ထည် ကို ဘောလုံးဘောင်းဘီလိုခပ်ပွပွဘောင်းဘီတစ်ထည်နဲ့တွဲ၀တ်ထားတဲ့ကောင်လေးဟာ မနက်ခင်းရဲ့ နေရောင်ခြည်နဲ့အပြိုင်တောက်ပလန်းဆန်းလို့နေပါတယ်။

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Where stories live. Discover now