Chapter (29)

227 21 6
                                    

"Baby , စီးလိုက်လို့ ကိုယ် မင်းကိုပြောနေတယ်လေ"

"မစီးဘူးလို့ ကျွန်တော်လည်း အသက်ကို ပြောတယ်လေ"

"မစီးလို့မရဘူးလေကွာ"

"မစီးချင်ဘူးလေ
ကျွန်တော့်ကို ဇွတ်မစီးခိုင်းနဲ့နော်"

ဗညားငယ် က ဒီလောက်ထိ ခေါင်းမာတဲ့ကောင်လေးမှန်း သက်တိုင် အစကတည်းကကို သိခဲ့သင့်တယ်။ ကလေးသေးသေးလေးလည်း မဟုတ်ပါဘဲနဲ့ တမင်ကို ရစ်နေတာ။

*ဘယ့်နှယ့်ဗျာ

ခြေထောက်က ဒဏ်ရာကြောင့် လတ်တလောမှာ sneakers ‌တွေမစီးပါနဲ့လို့ ဆရာ၀န်က မှာထားတာနဲ့

အခု ဆေးရုံဆင်းမဲ့အချိန် ရိုးရိုးခြေညှပ်ဖိနပ်ယူလာတာကို မစီးချင်ဘူး လုပ်နေတာလေ

အဲ့ဒါဆို ဝှီးချဲ နဲ့သွားမယ်ဆိုလည်း မဟုတ်ဘူး
တကယ့် နဂျီကောင်လေးပါဗျာ*

"ကဲပါ Baby ရယ်
အဲ့ဒါနဲ့ အချိန်တွေကြာနေပြီ လာ ကိုယ်စီးပေးမယ်"

သက်တိုင်က ပြောပြောဆိုဆိုနဲ ဒူးတစ်ဖက်ထောက်လို့ ထိုင်ချလိုက်ပြီးကုတင်‌ဘေးဘက် ကို တွဲလျားချထိုင်ထားတဲ့ ဗညားငယ် ရဲ့ခြေထောက်တစ်ဖက်ကို ဆွဲယူရင်း ဖိနပ်ကို စီးပေးဖို့လုပ်လိုက်တယ်။ အဲ့ဒီတော့မှ ဗညားငယ်ကလည်း သူ့ခြေထောက်ကို အတင်းရုန်းတော့တယ်။ ပြီးတော့မှ သက်တိုင် ကို ပခုံးကနေ အတင်းဆွဲထူပြီးတော့

"အသက်ကလည်း အဲ့လိုတွေမလုပ်ပါနဲ့

အရာအားလုံးရဲ့ အထက်မှာရှိနေရမယ့် ကျွန်တော့်အမျိုးသားက ဒါမျိုးတွေ လုပ်နေရမယ့်လူမှ မဟုတ်တာ
ဖိနပ်ကိုလည်း ကျွန်တော်စီးလိုက်မယ်နော်...."

အဲ့ဒီစကားကိုကြားတော့ သက်တိုင်က ဗညားငယ်ရဲ့ ဆံပင်တွေကို အသည်းယားစွာ ဆွဲဖွလိုက်ရင်း ခပ်ပြုံးပြုံးမျက်နှာပေးနဲ့

"အဲ့လို လိမ္မာမှပေါ့ ကိုယ့်ကလေးရဲ့
လာ ဆေးရုံဆင်းဖို့ နောက်ကျနေပြီ.."

... ....

"အငယ်လေးရယ် မသေကောင်းမပျောက်ကောင်းကွယ်
အဲ့နေ့က သတင်းကြားတော့ လူကို ပြူးပြာသွားတာပဲ"

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Where stories live. Discover now