ထူးထူးဆန်းဆန်း အိပ်မက်တွေကို အကြောင်းပြုပြီး သက်တိုင် နဲ့ နီးကပ်ဖူးသမျှ မိန်းကလေးတိုင်းဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ ခပ်ဝေးဝေးကို လွင့်ကုန်ကြတယ်။ ဘယ်လောက်တောင် ဆိုးသလဲ ဆိုရင် သက်တိုင် နဲ့ ဆယ့်ငါးမိနစ် သာသာလောက်ပဲ စကားရပ်ပြောဖူးတဲ့ ရုံးက သန့်ရှင်းရေး၀န်ထမ်းမိန်းကလေးက အစပါပဲ။ ကြာတော့ သက်တိုင် လည်း သူ့ကြောင့်တစ်ဖက်သားအခက်အခဲဖြစ်ရတာကို အားနာလာတာနဲ့ မိန်းကလေး ဆိုရင်ကို အလိုလို ရှောင်မိလျက်သားဖြစ်နေတော့တာပဲ။
ဒါပေမဲ့လူတွေဆိုတာကလည်း အခက်သားလား၊
ကိုယ်က ကိုယ့်အကြောင်းကိစ္စရှိလို့ မိန်းကလေးတွေနဲ့ အတတ်နိုင်ဆုံး ရှောင်တယ်။ ဒါကိုပဲ သူတို့တွေမှာ အပြစ်ပြောစရာ ဖြစ်နေတာ။
ဒီကောင်က စောက်ကြီးစောက်ကျယ်နဲ့၊ မိန်းမတွေ နဲ့ allergy ရှိတာလားမသိဘူး စသဖြင့် အဲ့လိုအခြေအမြစ်မရှိတဲ့စကားတွေနဲ့ ပုတ်ခတ်ကြတာပေါ့လေ။ သက်တိုင်ကလည်း လူပဲ ကိုယ့်ရှေ့လာပြီး တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး ကိုယ့်အကြောင်း မှိုချိုးမြှစ်ချိုး ပြောနေတာကို ဘယ်ကျေနပ်နေလိမ့်မလဲ။ အမှန်မဟုတ်တဲ့စကားတွေဆိုတော့ လည်းအရေးတယူလုပ်မနေတော့ပါဘူး။ လမင်းကို ခွေးဟောင်တယ် ပဲ သဘောထားလိုက်တော့တယ်။အိပ်မက်တွေကတော့ အနည်းဆုံး နှစ်ပတ်ကို တစ်ခါလောက်မက်နေဆဲပါပဲ။
အိပ်မက်ထဲက ငနာ လေးကလည်း အသက် က ကျွန်တော့်အပိုင် ဆိုတဲ့ စကားကို မပြောင်းမလဲ ပြောနေတုံးပါပဲ။
အခုဆို အိပ်မက်တွေမက်လာခဲ့တာ သုံးနှစ်လောက်ရှိသွားပြီ။ထူးထူးခြားခြားပဲ အချိန်ကြာလာတာနဲ့အမျှ အိပ်မက်ထဲကကောင်လေးရဲ့ အသက်အရွယ်ကလည်းပြောင်းလဲလာတယ်။အိပ်မက်တွေစမက်ကာစက 16 နှစ်သာသာ လောက်ပဲရှိအုံးမယ့် ကောင်လေးက အခုဆို 19 နှစ်သာသာ အရွယ်လောက်ကို ပြောင်းလဲနေပြီ ဖြစ်ပါတယ်။
အသက်အရွယ်ပြောင်းလာသလို ကောင်လေး ရဲ့ ရုပ်သွင်ကလည်း ပိုမိုပြီး ခန့်ညားလာတယ်ဆိုတာကတော့ ငြင်းမရတဲ့ အမှန်တရားပဲဖြစ်ပါတယ်။..... .......
"သားငယ် သက်တိုင် ဒီကိုခဏ လာထိုင်ပါဉီး
မမ ပြောစရာရှိလို့..."
YOU ARE READING
"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)
Romanceဟိုးရှေးရှေးတုန်းက သိကြားမင်းဆင်းဖြတ်တောင် မပြတ်နိုင်တဲ့ ချစ်သူနှစ်ယောက်ရှိသတဲ့။