Extra - All I Want For Christmas Is You

108 7 4
                                    


( Extra များသည် တစ်ပိုင်းနှင့် တစ်ပိုင်း ဆက်စပ်မည်မဟုတ်ပါ။)

"အသက် ရာသီဉတုက ဒီမှာ အရမ်းအေးတယ်နော်
ရေကို အကြာကြီးချိုးမနေနဲ့..."

ကောင်ငယ်လေးရဲ့ အသံကိုကြားတော့ သက်တိုင် တစ်ယောက် ရေစက်တွေကြားကပဲ ပြုံးမိတယ်။ တကယ်ဆို ရေပူ နဲ့ချိုးတာမို့ သိပ်တော့ မအေးလှပါဘူး။ တစ်ခါတလေ သူက အကြီးလား ကိုယ်ကအကြီးလား မသိတော့လောက်အောင်ကို ဗညားငယ် ဆိုတဲ့ ကောင်လေးက သည်းကို သည်းလွန်းတယ်။

ရေချိုးခန်းထဲက သက်တိုင်ထွက်လာတော့ ကုတင် ပေါ်မှာ လဲလှယ်စရာ အဝတ်အစားတစ်စုံက အဆင်သင့် ရှိနေပြီးသား။ အဖြူဖွေးဖွေး သိုးမွေးခေါင်းစွပ်ဆွယ်တာ တစ်ထည် နဲ့ ခပ်ပွပွ မီးခိုးရောင် pants တစ်ထည်။ ရန်ကုန် မှာသာဆိုလျှင်တော့ အပူကြောက်လှတဲ့ သက်တိုင်က ဒီလို အဝတ်အစားမျိုး မျက်လုံးနဲ့ တောင်စွေကြည့်ဖြစ်မှာ မဟုတ်ဘူး။

အခုက  ပန်းမြို့တော် လို့ တင်စားကြတဲ့ မေမြို့ သို့မဟုတ် ပြင်ဉီးလွင်မှာ သူတို့နှစ်ယောက်လုံး ရောက်နေကြတာ ဖြစ်တယ်။
အဲ့ဒီနေ့က မထင်မှတ်ဘဲ ထွက်လာမိတဲ့ခရီးက ပြင်ဉီးလွင်အထိ ဖြစ်နေမယ်မှန်း သူလည်း မသိခဲ့ဘူး။

ဒီရောက်တော့ ခြံဝန်းလှလှလေးတွဲ လျက်ပါတဲ့ တိုက်ပုလေး တစ်လုံးရှေ့မှာ ကားရပ်ပြီး

လက်ဆောင် လို့ပြောလာတော့ လူက အိပ်မက်လိုလို တကယ်လိုလိုနဲ့။

အိမ်လေးကတော့ သိပ်ကိုချစ်စရာကောင်းတယ်။ အပြာနုနု နဲ့ အဖြူရောင်ကို စပ်ထားတဲ့ အိမ်လေးက တစ်ထပ်တိုက်ကလေးဆိုပေမယ့် မှန်တွေနဲ့ကာထားတဲ့ ထပ်ခိုးလေးတစ်ခုပါသေးတယ်။ ခပ်ကျယ်ကျယ်ခြံဝန်းလေးထဲမှာ နှင်းဆီရောင်စုံတွေကို အိုးနဲ့ စနစ်တကျစိုက်ထားပြီးတော့ ချယ်ရီပင်တွေလည်း ရှိတယ်။ ထင်းရှူးနဲ့ ယူကလစ်ပင်တွေကိုလည်း တွေ့နိုင်သေးတယ်။

အဆိုးလေးက ဒီအိမ်လေးကို တိတ်တိတ်လေး ပြင်ထားတာ အတော်ကြာပြီတဲ့လေ။ ဒီလိုနဲ့ပဲ Chrismas ကို ဒီမှာ ဖြတ်သန်းဖို့ ဖြစ်လာခဲ့တာပေါ့။

အဝတ်အစားလဲလှယ်ပြီး ထွက်လာတဲ့အချိန် ဗညားငယ် ကတော့ kitchen corner မှာ အလုပ်ရှုပ်နေပုံ ရတယ်။ အနက်ရောင် Hoodie ပွပွ ဝတ်ထားတာမို့ ဖြူလွန်းလှတဲ့ အသားအရည်က နှင်းပွင့်လေးတွေလိုပဲ။ ငွေရောင်ဆံပင်တွေကို ခပ်မြင့်မြင့်စည်းထားပုံက နတ်သမီးပုံပြင်တွေထဲက ခုန်ထွက်လာတဲ့ မင်းသားလေးတစ်ပါးလို လှပပြီးတော့ မျက်စိပသာဒဖြစ်လွန်းတယ်။

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Where stories live. Discover now