"အဲ့ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဉီး
လိုအပ်တာရှိရင်တော့ ကျွန်တော့် mail ကို ဆက်သွယ်နိုင်ပါတယ်"ဗညားငယ် တစ်ယောက် client နဲ့ စကားပြောပြီးပြီးချင်း လက်ထဲက နာရီကို ငုံ့ကြည့်မိတော့ သွေးတောင်ဆောင့်တက်ချင်သွားတယ်။
"သွားပြီ သမီးကို ကြိုဖို့ နောက်ကျနေပြီ"
ဒီနေ့အလုပ်ကိစ္စ စကားပြောတာက သူထင်ထားတာထက်ပိုကြာသွားတယ်။ ကားကိုဒုန်းဆိုင်းမောင်းရင်တောင် သမီးရှိတဲ့ ကျောင်းနဲ့ ဒီနေရာက ဆယ့်ငါးမိနစ်လောက်မောင်းရဉီးမယ်။
Client က အရမ်းရစ်နေတာနဲ့ အချိန်ကို လုံး၀ပြန်မကြည့်လိုက်မိတဲ့ သူ့အမှားပါပဲ။ ဖြစ်ပြီးတဲ့ ကိစ္စကို ပြန်စဉ်းစားမနေတော့ဘဲ ကားကိုပဲ အသည်းအသန်မောင်းလာခဲ့တော့တယ်။ ကားလမ်းသိပ်ကြပ်မနေတာကိုပဲ ကျေးဇူးတင်ရဉီးမယ်။
သမီးတို့ ကျောင်းရှေ့ကို ရောက်တဲ့အချိန်မှာတော့ သူအမောပါဆို့သွားရတယ်။ ကျောင်းထဲမှာ လူတစ်ယောက်မှ မရှိတော့ဘူး။ ဘယ်ကလေးမှလည်း မတွေ့ရတော့ဘူး။ ကျောင်းလုံခြုံရေးကိုမေးကြည့်တော့လည်းကျောင်းထဲမှာ ကလေးတွေကုန်သွားပြီတဲ့လေ။
အဲ့ဒီအချိန်မှာ ဖြစ်သွားတဲ့ သူ့ရဲ့ အပူ နဲ့ ခံစားချက်ကို တစ်သက်လုံးမေ့နိုင်မယ်မထင်ဘူး။ ဘယ်လုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ ကူကယ်ရာမဲ့တဲ့ ခံစားချက်မျိုး။
နောက်ဆုံး သူ ဖုန်းကို ထုတ်လို့ တစ်ယောက်သောသူကို ဖုန်းခေါ်လိုက်တယ်။
"အသက်
သမီး.... သမီးလေး ပျောက်နေလို့"ဗညားငယ် စီက ဖုန်းကိုရပြီး ခဏအကြာမှာပဲ သက်တိုင်လည်း ကျောင်းရှေ့ကိုရောက်လာတယ်။
ရောက်ရောက်ချင်းပဲ ငိုချတော့မလိုပုံစံနဲ့ ပြာယာခတ်နေတဲ့ ကောင်လေးကို သူအရင်တွေ့ရတာပဲ။ အရင်အချိန်တွေဆိုရင်တော့ ဒီကောင်လေးကိုအရင်ပွေ့ဖက်ရင်း ပြေရာပြေကြောင်းတွေ သူနှစ်သိမ့်ပေးမိမှာပဲ။ ဒါပေမယ့် အခုအခြေနေကတော့မတူဘူး။
"ဘယ်လိုဖြစ်ရတာလဲ သမီးက"
သူ့အမေးကို ဗညားငယ် က စိုးရိမ်အပြည့်လွှမ်းတဲ့အသံနဲ့ အကြောင်းစုံပြန်ဖြေလာတယ်။
YOU ARE READING
"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)
Romanceဟိုးရှေးရှေးတုန်းက သိကြားမင်းဆင်းဖြတ်တောင် မပြတ်နိုင်တဲ့ ချစ်သူနှစ်ယောက်ရှိသတဲ့။