ဒါလေးက update တော့မဟုတ်ပေမယ့်
ဇာတ်လမ်းဖြစ်မြောက်လာပုံလေးနဲ့ တချို့သော ရောက်တတ်ရာရာလေးတွေ ပြောချင်လို့ပါ။ပထမဆုံး ကျွန်တော် wp ကို စရောက်လာပုံကို အရင်ပြောပြမယ်။ အရင်ကတော့ wp ဆိုတာ သူငယ်ချင်းတွေ ပြောလို့ ကြားရုံပဲ ကြားဖူးပြီးတော့ bl ဆိုတာ ဘာပြောမှန်းတောင် ကျွန်တော်မသိခဲ့ပါဘူး။
ဒါပေမယ့် နောက်ပိုင်း ကျောင်းတွေပိတ်ပြီးတဲ့အချိန်မှာ အချိန်လည်း အရမ်းအားနေတာနဲ့ မမြင်ဖူးတဲ့ ဇာတ်လမ်းပုံစံအသစ်တွေ မြင်ချင်တာတစ်ကြောင်း၊ ကလောင်အသစ်တွေရှာချင်တာ တစ်ကြောင်းနဲ့ wp ကို စသုံးဖြစ်ခဲ့တယ်။
ကျွန်တော် သုံးခဲ့တဲ့ နှစ် နှစ်တာလောက် အချိန်အတွင်းမှာ ကလောင်စွမ်းအတော် ထက်တဲ့ Author တွေကော Masterpiece လို့ပြောလို့ရတဲ့ fiction တွေကော အများကြီးတွေ့ခဲ့ရတယ်။
အဲ့ဒီမှာ ဖတ်ပါများပြီး အတွေးတစ်ခု ပေါ်လာတာက ငါကိုယ်တိုင် ဇာတ်လမ်းတစ်ပုဒ်လောက် ရေးရကောင်းမလားပေါ့။ အမှတ်တရတစ်ခုအနေနဲ့ ရေးချင်ခဲ့တာပေါ့လေ။
အဲ့ဒါနဲ့ ကျွန်တော့်ရဲ့ ပထမဆုံး OC ဖြစ်တဲ့ တစ်ခါက အဓိပတိ နေ့စွဲများ ကို စရေးဖြစ်ခဲ့တယ်။
စရေးတုန်းကတော့ ဖတ်တဲ့လူတောင် အဓရှိပါ့မလားထင်ခဲ့ပေမယ့် အသစ်တစ်ယောက်အနေနဲ့တော့ ထိုက်သင့်တဲ့ အားပေးမှုရခဲ့ပါတယ်။ ဒါပေမယ့် အချက်အလက်တချို့ လိုအပ်နေတာကြောင့်ကော၊ ကိုယ်တိုင် အာရုံစိုက်လို့ မရတော့တာကြောင့်ကော အဲ့ဒါလေးကို ခဏရပ်ထားလိုက်ရတယ်။
ဒုတိယမြောက် OC ကတော့ အခု အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ ပါပဲ။ ဒီဇာတ်လမ်းလေးက ကျွန်တော်အရင်က ကြားခဲ့ဖူးတဲ့ အိပ်မက်နဲ့ ပက်သက်တဲ့ ပုံပြင်အတိုလေးတစ်ပုဒ်ကို ကျောရိုးယူပြီး ရေးထားတာပါ။
အထဲက အကြောင်းအရာတွေမှာလည်း အပြင်လောကမှာ လက်ခံနိုင်လောက်စရာ မရှိတဲ့ စိတ်ကူးယဉ်ဆန်ဆန် အကြောင်းတရားတွေအများကြီး ပါ၀င်ပါတယ်။
Plot twist တွေအများကြီးမရှိဘဲ လူနှစ်ယောက်ကြားက ဆန်းကြယ်တဲ့ ဖူးစာနဲ့ နားလည်မှု၊ အချစ်စတာတွေကို အခြေခံတဲ့ အိမ်ထောင်တစ်ခု အတူတူတည်ဆောက်ကြတဲ့ အကြောင်းကိုသာ အဓိက ရေးထားခဲ့ပါတယ်။
ဒါလေးကို ဖတ်လိုက်မိလို့ ခဏလောက်စိတ်အပန်းပြေသွားရင်ပဲ ကျွန်တော်အနေနဲ့ ကျေနပ်ပါပြီ။
ဒါလေးက main character နှစ်ယောက်ကိုပဲ အသားပေးထားတဲ့ ဇာတ်လမ်းပါ။
ပထမစဉ်းစားထားတဲ့ ပုံစံ မှာ ဗညားငယ် (Jade) ရဲ့ character က ဒီလိုမဟုတ်ပါဘူး။
ချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ဂျစ်ကန်ကန်ခပ်ဆိုးဆိုးကောင်လေး၊ ပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့ ဇွတ်တရွတ်နိုင်တဲ့ character မျိုးပါ။
သက်တိုင် အိပ်မက် မက်တဲ့ အခန်းတွေက ပုံစံကိုကြည့်ရင် သိသာပါလိမ့်မယ်။
ဒါပေမယ့် main role နှစ်ယောက်တွေ့တဲ့အခန်းကစပြီး ဗညားငယ် ဆိုတဲ့ ကောင်လေးက ကျွန်တော်စီစဉ်သလို ဖြစ်မလာတော့ပါဘူး။
သူက အရမ်းကိုနူးညံ့အလိုက်သိပြီး၊ ရည်ရည်မွန်မွန်နဲ့ ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ ငချွဲ လေးအဖြစ်ကို ပြောင်းလဲသွားပါတယ်။ ဒီကောင်လေးက ကျွန်တော်လည်း ဘယ်လိုမှ လိုက်မမှီတော့အောင် သူ့ အသက် ကို ချစ်ပြတော့တာပါပဲ။
သက်တိုင် ရဲ့ character ကတော့ အထွေအထူးပြောစရာ မလိုပါဘူး။ အသက်အရွယ်နဲ့ လိုက်အောင် ရင့်ကျက်တယ် ၊လူကြီးဆန်တယ်၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို အရင်တွေးတတ်တဲ့ လူမျိုးပေါ့နော်။
ကျန်တဲ့ character တွေကတော့ main story ကြွလာအောင်၊ လှုပ်လာအောင် ဝိုင်း၀န်းပံ့ပိုးပေးခဲ့ကြပါတယ်။
ဒီမှာ ကျွန်တော် အားအနာရဆုံး character ကတော့ တစ်ခန်းမှတောင် မပါလိုက်ရဘဲ ပေးသေ လိုက်ရတဲ့ ပန်းပန် ဆိုတဲ့ အမျိုးသမီး ပါ။
သူကလည်း ဇာတ်လမ်းအတွက် တစ်ထောင့်တစ်နေရာကနေ အများကြီး တာ၀န်ကျေခဲ့ပါတယ်။
နောက်ဆုံး ကျွန်တော် ပြောချင်တာကတော့ ဒီအချိန်ထိ အတူတူလိုက်ပါပေးခဲ့ကြတဲ့ ကျွန်တော့် စာဖတ်သူတွေပါပဲ။
ဖတ်မယ့်သူ မရှိလောက်ဘူး ထင်ခဲ့ပေမယ့် တစ်ခုချင်းတက်လာတဲ့ views တွေက တကယ်ကို အားဖြစ်ခဲ့ရပါတယ်။တကယ်ကို အများကြီး ကျေးဇူးတင်ပါတယ်။
အခုမှ စ လုံးရေစ တဲ့ လူတစ်ယောက်နောက်ကို ယုံယုံကြည်ကြည်နဲ့ လိုက်ပေးခဲ့ကြတဲ့ သူတွေအားလုံးကို ကျွန်တော်က သတိရနေမှာပါ ခင်ဗျာ။
Extra ကတော့ တစ်ပိုင်း ရှိပါ့မယ်။
မျှော်နေတဲ့ လူတွေအတွက်ပေါ့နော်။အားလုံးပဲ ပျော်ရွှင်ကျန်းမာကြပါစေ။
YOU ARE READING
"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)
Romanceဟိုးရှေးရှေးတုန်းက သိကြားမင်းဆင်းဖြတ်တောင် မပြတ်နိုင်တဲ့ ချစ်သူနှစ်ယောက်ရှိသတဲ့။