Chapter (1)

825 43 2
                                    

"အသက်က ကျွန်တော့် အပိုင်နော်"

"ဘယ်တော့မှ မမေ့နဲ့ ဟား ဟား ဟား...."

"မဟုတ်ဘူး အရူးကောင် ထွက်သွား အခု သွား...!"

"ဟဲ့ ဟဲ့ သက်တိုင် သားငယ် သတိထားစမ်း သတိထား.."

"ဟမ် မမ က ဘယ်လိုရောက်လာ အာ ကျွန်တော် အိပ်မက် မက်နေပြန်တာပဲ..."

"အမလေး သားငယ်ရယ် ကြည့်ပါဉီး ချွေးတွေကလည်း ရွှဲလို့
အဲ့ဒီ အိပ်မက်တွေက မက်‌တုံးပဲလား...."
"တောက်လျှောက်မက်နေခဲ့တာပဲ ခြောက်နှစ်လောက်ရှိပြီကို"

ဟုတ်တယ် ခြောက်နှစ်။
ဘာမှန်းမသိတဲ့ ရူးကြောင်ကြောင်အိပ်မက်တွေရဲ့ ဒုက္ခက လွန်ခဲ့တဲ့ခြောက်နှစ်လောက်က စတယ်။

...... .....

လွန်ခဲ့သော ခြောက်နှစ်ခန့်က။

"မောနင်း မမ.."

"မောနင်းပါ သားငယ်.."
"လာ ဒီမှာ မမ မနက်စာအတွက် မင်းကြိုက်တတ်တဲ့ မန္တလေးမုန့်တီပြင်ထားတယ်.."
"ငါးဖယ်တွေကော ဘဲဉတွေကောနဲ့ ရှယ်နော်"

"ဟုတ်ပါပြီဗျာ မမ လက်ရာတော့ စားရချည်သေးရဲ့.."

ဒါကတော့ ကျွန်တော်တို့ အိမ်ရဲ့ ထုံးစံပါပဲ။ မိသားစုအရင်းအချာဆိုလို့ မမ နဲ့ ကျွန်တော်ပဲ ရှိတဲ့ ဒီအိမ်မှာ မနက်စာကိုတော့ မဖြစ်မနေ မျက်နှာစုံညီ စားရမယ်ဆိုပြီး သတ်မှတ်ထားတယ်။ ဒီလိုမှမဟုတ်ရင်လည်း နှစ်ယောက်လုံးရဲ့အလုပ်တွေနဲ့ ကျန်တဲ့အချိန်တွေမှာ မျက်နှာချင်းဆိုင်မိဖို့က မလွယ်ဘူးလေ။

"ဘယ်လိုနေလဲ သားငယ် စားလို့အဆင်ပြေရဲ့လား..."

"ပြောစရာလိုသေးလို့လား မမ လက်ရာပဲဟာကို.."

ကျွန်တော့်အပြောကို မမ က သဘောတကျနဲ့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးတယ်။ မမ က ကျွန်တော့်ထက် အသက် ခုနစ် နှစ်လောက်ကြီးပေမဲ့ အခုလို နှစ်နှစ်ခြိုက်ခြိုက် နဲ့ သွားတက်ကလေးတွေပေါ်အောင်ပြုံးလိုက်တိုင်း ကလေး လေးလိုပဲ။

"ဪ မမ ဒီည ညစာ စားဖို့ကျွန်တော့်ကို မစောင့်နဲ့တော့
လချုပ်စာရင်းတွေ စစ်စရာများနေလို့ ရုံးမှာပဲ လုပ်ဖြစ်မှာ
ပြန်တောင်လာဖြစ်ပါ့မလား မသိဘူး...."

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Hikayelerin yaşadığı yer. Şimdi keşfedin