Chapter (12)

294 28 2
                                    

မကျဉ်းမကျယ် အခန်းတစ်ခုထဲက မီးသီးတွေပတ်ပတ်လည် ထွန်းညှိထားတဲ့ ထောင့်မှန်စတုဂံပုံ မှန်တစ်ချပ်ရဲ့အပေါ်မှာ ပုံရိပ်ကလေးတစ်ခုက ထင်ဟပ်လို့နေပါတယ်။

ဖြူနုပြီး အပြစ်အနာအဆာကင်းလွန်းတဲ့ မျက်နှာက မိတ်ကပ်အနည်းအငယ် ရဲ့အကူအညီကြောင့် ကြွေရောင်တောက်ပြီး ဖွေးလက်လို့နေတယ်။ ဖြောင့်စင်းနေတဲ့နှာတံ၊ နဂို နီဆွေးတဲ့နှုတ်ခမ်းလွှာထက်မှာ lip balm တစ်လွှာထပ်ထားလို့ စိုလဲ့နေတဲ့ နှုတ်ခမ်းလေးတွေ၊ အနည်းငယ် အနားသတ်ထားတဲ့ မျက်ခုံးတန်းနက်နက်တွေ နဲ့ မျက်နှာလေးကို ထင်ရှားပြီးခိုင်မာတဲ့ မေးရိုး ထင်းထင်းတွေနဲ့ အနားသတ်ထားတဲ့ မျက်နှာပိုင်ရှင်က မြင်တဲ့လူတိုင်းနှစ်ခါပြန်ငေးရလောက်အောင်ပြီး ပြည့်စုံလွန်းပါတယ်။

"မောင်လေး စိတ်တိုင်းကျရဲ့လား ဘာလိုသေးလဲ"

Makeup artist အစ်မရဲ့ အသံကြားမှ ဗညားငယ်ပြန်ပြီး သတိ၀င်လာတယ်။

"ဪ ရပြီ အစ်မ မလိုတော့ပါဘူး"

"မေးမဲ့သာမေးရတာပါ မောင်လေးရယ်
မောင်လေးရဲ့ အသားအရည်ကလေ ကောင်းလွန်းလို့ ဘာမှ သိပ်ပြင်စရာတောင် မလိုဘူးရယ်"

Brush တစ်ခုနဲ့ မျက်နှာပြင်အနှံ့လိုက်ညှိရင်း ပြောလာတဲ့ အစ်မ ရဲ့စကားကို ဗညားငယ် ပြုံးပြီးသာ တုံ့ပြန်လိုက်တယ်။

အခုချိန်မှာ သူ စကားအများကြီးမပြောချင်ဘူး။ စကားအများကြီး ပြောလိုက်ရင် သူ့ရင်ထဲမှာ တ‌ရိပ်ရိပ်တိုးနေတဲ့ ကြည်နူးမှု အဟုန်လေး လျော့သွားမှာ စိုးလွန်းလို့။ ဒီနေ့က သူ့ဘ၀တစ်လျှောက်မှာ အပျော်ဆုံးနဲ့ အထူးခြားဆုံးနေ့ပဲ။ ခြောက်နှစ်တာလုံးလုံး ရင်ထဲမှာ တသသ သိမ်းဆည်းခဲ့ရတဲ့ သူ့ဘ၀ ရဲ့ အချစ်ဉီး၊ ရင်ခုန်ဉီးကို တရား၀င်ပိုင်ဆိုင်ရမဲ့နေ့၊ အခု သူ့ရင်ထဲက အပျော်ကို ဖော်ပြနိုင်တဲ့ စကားလုံးတောင်ရှာလို့မရသေးဘူး။

"ဟယ် မား ရဲ့သားလေးက ချောလိုက်တာ ကြည့်ပါအုံး"

မိတ်ကပ်ပြင်တဲ့အခန်းထဲ ၀င်လာတဲ့ မားမား ရဲ့အသံကြားမှပဲ ဗညားငယ်လည်း အတွေးထဲက ပြန်ထွက်လာနိုင်တော့တယ်။

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Where stories live. Discover now