Chapter (6)

334 30 4
                                    

*လက်ရှိအချိန်ကာလ*

ပန်းပန် ရဲ့ သေဆုံးမှုအပြီးမှာတော့ သက်တိုင်တစ်ယောက် ဘယ်မိန်းကလေးနဲ့မှ နီးနီးကပ်ကပ်နေတာမျိုး မလုပ်တော့ဘူး။ မတတ်သာလို့ လုပ်ငန်းသဘောအရ ပက်သက်ရတာမျိုးရှိရင်တောင်မှ သူ့ PA ကိုကောင်းမြတ် က တစ်ဆင့်ပဲ ဆက်သွယ်တော့တယ်။ တစ်စုံတစ်ယောက်က သူ့ ပယောဂ မကင်းဘဲ ထိခိုက်ရတာမျိုး သက်တိုင် လုံး၀ မလိုချင်တော့ပါဘူး။

အိပ်မက် မက်တာတွေ ရပ်သွားစေဖို့အတွက်လည်း စိတ်ရောဂါအထူးကု ဆရာ၀န်တွေဆီမှာ ကုသနည်းအမျိုးမျိုးသုံးပြီး ကုခဲ့သေးတယ်။ ဒါလည်း အကြောင်းမထူးပါဘူး။မတတ်သာတဲ့ အဆုံးတော့ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ လို့ သဘောထားလိုက်ရတော့တာပေါ့။ အခုဆို ခြောက်နှစ်တောင် ကြာခဲ့ပြီပဲ။

"သက်တိုင် သားငယ် သားငယ်"

အတွေးထဲနစ်နေလိုက်တာ မမ ခေါ်သံကြားမှပဲ လက်ရှိအချိမ်နဲ့ အဆက်အသွယ်ပြန်ရတော့တယ်။

"ဗျာ မမ ဘာပြောလိုက်တာလဲ"

"သားငယ်ရယ် ဘာတွေအဲ့လောက်တောင် တွေးနေတာလဲ နေလို့မကောင်းလို့လား"

"မဟုတ်ပါဘူးဗျာ အတွေးနည်းနည်းလွန်သွားလို့ပါ မမ ပြောစရာရှိတာပြောလေ"

"ဟိုလေ ဟိုတစ်နေ့က မမ ဆိုင်ကို လာတဲ့  customer တစ်ယောက်စီက ကြားခဲ့တာ သူ့အသိထဲမှာ အကြားအမြင်တွေဘာတွေနဲ့ပက်သက်ပြီး အရမ်းတော်တဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်တဲ့...."

မမ ရဲ့ ပိုးထည်တိုက်က သူတို့ လူကုံတန် အသိုင်းအဝိုင်းကြားမှာတော့ အတော်လေး ရေပန်းစားပါတယ်။ ပိုးထည်တိုက်ဆိုတဲ့အတိုင်း လာကြတာက အမျိုးသမီးအများစုဆိုတော့ ဒီလိုအကြောင်းအရာမျိုးတွေပြောကြဆိုကြတာ မဆန်းပါဘူး။

"အဲတော့ မမ က ဘာဖြစ်ချင်လို့လဲ"

"ဒီလိုပေါ့ သားငယ်ရယ် မင်းရဲ့ ထူးထူးဆန်းဆန်းအိပ်မက်တွေအကြောင်းကို နည်းနည်းပါးပါးများ သွားမေးစမ်းကြည့်ကြရင် ကောင်းမလားလို့ပါ...."

"ဟာ မမ ကလည်း မဟုတ်တာ ကျွန်တော် အဲ့ဒါမျိုးတွေမယုံပါဘူးဗျာ"

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Where stories live. Discover now